အခက်အခဲတွေကြားမှာပဲ နေ့တိုင်းမနားတမ်းချီတက် ဆန္ဒထုတ်ဖော်နေတဲ့ မန္တလေးမြို့ရဲ့ ဆရာ ဆရာမများသပိတ်

//s9.kh1.co/55/55867e71baf7c0c335d00e4626807605977a91a0.jpeg
နေ့စဉ်သတင်းများ

 ၃၀-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

ပြည်သူတွေကတော့ နေ့ရက်တိုင်း လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွပါဝင်ကာ နည်းလမ်းမျိုးစုံနဲ့လက်ရှိအခြေအနေကိုရင်ဆိုင်နေကြတာပါ။လူထုလှုပ်ရှားမှုတွေမှာဆိုရင် မျိုးဆက်သစ်လူငယ်တွေက ရှေ့ဆုံးကနေ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူတွေက တစ်ယောက်အခက်အခဲကိုတစ်ယောက်ကူညီဖေးမရင်း တူညီတဲ့ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ဖို့ရှေ့ဆက်လှမ်းနေကြတာပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီရက်ပိုင်းမှာဆိုရင်တော့ နွေဦးတော်လှန်ရေးကြီးက ပြန်လည်အသက်ဝင်လာပြီလို့ ဆိုရလောက်အောင် လမ်းမထက်မှာ လူငယ်တွေရဲ့ သပိတ်စစ်ကြောင်းတွေကို တွေ့မြင်နေရပြီဖြစ်ပါတယ်။ဒီသပိတ်စစ်ကြောင်းတွေမှာဆိုရင် မြန်မာနိုင်ငံအရပ်ရပ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံ လူမျိုးဘာသာမရွေးပြည်သူပေါင်းစုံပါဝင်နေပြီး မိမိတို့တိုင်းပြည်အတွက် အသက်ကိုပင်ပေးကာ လှုပ်ရှားမှုတွေပြုလုပ်နေကြဆဲပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဧပြီလ (၃၀) ရက်နေ့မနက်ပိုင်းမှာဆိုရင်လည်း မန္တလေးမြို့က ဆရာ ဆရာမများ စုပေါင်းကာ ဆိုင်းဘုတ်များ စာရွက်များကိုင်ဆောင်ရင်း ချီတက်ခဲ့ကြတာကိုတွေ့မြင်ရပါတယ်။ဒီလိုအပစ်အခတ်တွေ အဖမ်းအဆီးတွေရှိနေတဲ့ကြားမှာပဲ နေ့ရက်တိုင်း မနားတမ်း ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတယ်လို့လည်းဖော်ပြထားတာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် မန္တလေး ဆရာဆရာမများရဲ့ သပိတ်စစ်ကြောင်းပုံရိပ်တွေကို မျှဝေပေးရင်း အားလုံးဘေးကင်းကြပါစေဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T