​မိမိတို့ရဲ့ဆန္ဒတွေကို စာရွက်နဲ့အင်္ကျီတွေပေါ်မှာ ထုတ်ဖော်ရေးသားကာ ဒဂုံ (၁) စာသင်ကျောင်းရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ လူငယ်များ

//s9.kh1.co/66/669c360435c6d9a15c46a063ba5f844c17a5f2fc.jpeg
နေ့စဉ်သတင်းများ

 ၂၉-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

ယခုလိုအချိန်ကာလမှာတော့ လူမျိုးဘာသာမရွေး လူကြီး၊လူငယ်ပေါင်းစုံဟာ ကိုယ့်တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ အားသွန်ခွန်စိုက်ကြိုးစားနေကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း မလျော့သောဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ ရင်ဆိုင်လာကြတာ (၂)လကျော်ကြာသွားပြီလည်းဖြစ်ပါတယ်။ဒီလို အချိန်ကာလတွေမှာလည်း ပြည်သူ​တွေက တစ်ယောက်ကိုတစ်ယောက် လိုအပ်တာတွေကို ကူညီဖေးမရင်း ယုံကြည်ချက်တွေအတွက် ရှေ့ဆက်နေကြတာလည်းဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

နွေဦးတော်လှန်ရေးကြီးက အရင်လိုငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် နေရာတိုင်းမှာမလွယ်ကူတာကြောင့် ခုဆိုရင် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ Strike လုပ်နိုင်မယ့် နည်းလမ်းတွေကိုစဉ်းစားကာ ဆန္ဒထုတ်ဖော်လျက်ရှိပါတယ်။အပြင်ထွက်နိုင်သူတွေကလည်း ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေကို ပြုလုပ်ကာ အချိန်နေရာဒေသမရွေး ရသလို ဆန္ဒထုတ်ဖော်နေတာလည်းဖြစ်ပါတယ်။ဒီရက်ပိုင်းမှာတော့ မြို့နယ်တော်တော်များများမှာ သပိတ်စစ်ကြောင်းတွေပြန်လည်ထွက်ရှိလာတာကြောင့် နွေဦးတော်လှန်ရေးကြီးက ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဧပြီ (၂၈) ရက်နေ့ညပိုင်းမှာဆိုရင်လည်း လူငယ်တွေစုပြီး မိမိတို့ဆန္ဒတွေကို စာရွက်တွေ အင်္ကျီတွေပေါ်မှာရေးသားပြီး အလံပြဘုရားလမ်းနဲ့ နဝဒေးလမ်းထောင့်ရှိ ဒဂုံ (၁) စာသင်ကျောင်းဝန်းရှေ့မှာ ကျောင်းမတက်နဲ့ ကျောင်းပျက်သပိတ်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ အခက်အခဲတွေရှိနေပေမယ့် ရတဲ့နည်းနဲ့တော့ တော်လှန်နေမှာပဲလို့လည်းဖော်ပြထားတာလည်းတွေ့မြင်ရပါတယ်။ပရိသတ်ကြီးအတွက် လူငယ်လေးတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်မျှဝေပေးရင်း မြန်မာပြည်ကြီး အမြန်အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T