ရောင်စုံစက္ကူတွေနဲ့ ဒေါင်းအရုပ်လေးတွေဖန်တီးကာ ထူးထူးခြားခြားဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဘားအံမြို့ရဲ့ဒေါင်းသပိတ်

//s9.kh1.co/29/2996e03fef3da10f7c4283fce5854513d7bfb458.jpeg
နေ့စဉ်သတင်းများ

 ၂၄-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံ နေရာအရပ်ရပ်မှာနေထိုင်ကြတဲ့ ပြည်သူအားလုံးဟာ ခုဆိုရင် ကိုယ့်နိုင်ငံအတွက် အစွမ်းကုန် ကြိုးစားအားထုတ်ပြီး တာဝန်ကျေပွန်ပေးနေကြတာဖြစ်ပါတယ် ။စည်းစည်းလုံးလုံးနဲ့ ရရာနေရာတွေကနေ ဆန္ဒထုတ်ဖော်မှုတွေကို ငြိမ်းချမ်းစွာပြုလုပ်လျက်ရှိတာကို တွေ့မြင်ရပါတယ်။ဒီလှုပ်ရှားမှုတွေမှာ အဓိကပါဝင်ကြတဲ့ လူငယ်မျိုးဆက်သစ်လေးတွေရဲ့ တီထွင်နိုင်မှုတွေကလည်း တကယ်ကို လေးစားစရာကောင်းလွန်းတာ အမှန်ပါပဲ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မရိုးနိုင်တဲ့ နည်းလမ်းတွေကို အသုံးချကာ ဆန္ဒထုတ်ဖော်မှုမြင်ကွင်းတွေကပဲ နိုင်ငံတကာရဲ့ သတင်းတွေ Twitter တွေထိ ရောက်ရှိခဲ့တာလည်းဖြစ်သလို အားလုံးကလည်း ချီးကျူးခဲ့ကြတာပါ။ခုဆိုရင် လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ရန်မလွယ်ကူတာကြောင့် မိမိတို့နေထိုင်ရာ မြို့နယ်တွေမှာပဲ ပြည်သူအားလုံးဟာ ညီညီညွတ်ညွတ် လှုပ်ရှားမှုတွေပြုလုပ်နေကြတာလည်းတွေ့ရပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီနေ့ထိ အပစ်အခတ်တွေ ဖမ်းဆီးမှုတွေ နေရာတိုင်းမှာရှိနေပေမယ့် ပြည်သူအားလုံးက လက်မလျော့သွားဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်တိုးနေကြတာလည်းဖြစ်ပါတယ်။ဘားအံမြို့မှာဆိုရင်လည်း ပြည်သူများဟာ ရောင်စုံစက္ကူတွေနဲ့ ဒေါင်းအရုပ်လေးတွေများစွာဖန်တီးကာ မိမိတို့ရင်ထဲကခံစားချက်တွေကို ရေးသားဖော်ပြရင်း ဒေါင်းသပိတ်ကို လှုပ်ရှားခဲ့ကြတာကိုတွေ့မြင်ရပါတယ်။တကယ်ကို ရရာနေရာတွေကနေ ပါဝင်နေကြတာ လေးစားစရာပါပဲနော်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T