စစ်ဘေးရှောင်ကလေးတွေက အရုပ်မြင်ရင် မုန့်တောင်သတိမရတဲ့အထိ အရမ်းပျော်ကြတာကြောင့် အရုပ်တွေ ထပ်အလှူခံပေးလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/8c/8c5f67f40f8c0cf1b1f75f49e3ee9176048141aa.jpg
နေ့စဉ်သတင်းများ

 ၂၃-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

စစ်ဘေးရှောင်ကလေးတွေက အရုပ်မြင်ရင် မုန့်တောင်သတိမရတဲ့အထိ အရမ်းပျော်ကြတာကြောင့် အရုပ်တွေ ထပ်အလှူခံပေးလာတဲ့ ပြည်သူတစ်ဦး

လက်ရှိမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်ဘေးရှောင်တဲ့ ပြည်သူတွေများပြားလာပြီပဲ ဖြစ်ပါတယ် ။ စစ်ဘေးရှောင်ပြည်သူတွေအတွက် စေတနာရှင်တွေကလည်း တတ်နိုင်သလောက် ဖေးမကူညီပေးနေတာ ဖြစ်ပါတယ် ။ စေတနာရှင်တွေက ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အဝတ်အစားတွေ၊ အစားအသောက်တွေနဲ့ လိုအပ်တာတွေကို အဆက်မပြတ် လှူဒါန်းပေးနေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့အပြင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေထဲကမှ ကလေးငယ်တွေအတွက် အရုပ်တွေကိုလည်း စေတနာရှင်တွေက လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ငယ်ရွယ်နုနယ်သေးတဲ့ ကလေးငယ်တွေအတွက်တော့ အရုပ်လေးတွေက အားတစ်ခုဖြစ်စေပြီး သူတို့ကို ပျော်ရွှင်စေနိုင်တာ ဖြစ်ပါတယ် ။ အခုလည်း စေတနာရှင်ပြည်သူတစ်ဦးက စစ်ဘေးရှောင်ကလေးတွေအတွက် အရုပ်တွေထပ်အလှူခံပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူ့ရဲ့စာထဲမှာတော့ ကလေးတွေက အရုပ်မြင်ရင် မုန့်တောင်သတိမရတဲ့အထိ အရမ်းပျော်ကြတဲ့အကြောင်းနဲ့ အရုပ်တွေမလောက်လို့ ငိုကြတဲ့အကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် အရုပ်မရလိုက်တဲ့ ကလေးတွေအတွက် စိတ်မကောင်းဖြစ်မိတာကြောင့် အခုလိုထပ်အလှူခံရတာဖြစ်ကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေအနေနဲ့လည်း စစ်ဘေးရှောင် ကလေးတွေအတွက် အရုပ်လေးတွေလှူဒါန်းပေးလို့ရအောင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း အောက်မှာဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T