ဒီကနေ့ ညနေပိုင်း twitter ပေါ်မှာတွေ့ရတဲ့ မြန်မာ့ရေးရာ သတင်းများ

//s9.kh1.co/af/af479830e0f64044b286834e3f11230b75a54522.jpg
နေ့စဉ်သတင်းများ

 ၂၂-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ ညနေပိုင်း twitter ပေါ်မှာ ပျံ့နှံ့လာတဲ့ မြန်မာ့ရေးရာသတင်းတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ မိုဘိုင်းအင်တာနက် နဲ့ wireless wifi တွေအဖြတ်ခံရတာအပြင် အင်တာနက်ကို အချိန်အကန့်အသတ်နဲ့ သုံးနေရတာတွေ ရပ်တန့်ပေးဖို့အတွက် speak out လုပ်နေကြတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ရတနာပုံ တက္ကသိုလ်က ကျောင်းသား၊ကျောင်းသူတွေ ဒီကနေ့မနက်မှာ ဆန္ဒထုတ်ဖော်တဲ့ သတင်းတွေလည်း ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=1078,q=100/a5/a5f71a301a832e642eaa8670b406a44589314c3b.jpg
https://s9.kh1.co/__image/w=650,h=556,q=100/d2/d23779d4473e5526522484d49f78ffe92f0d857a.jpg

နောက်ထပ်သတင်းအနေနဲ့ကတော့ ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ မွန်ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဖွဲ့စည်းကြောင်း ကြေညာတဲ့သတင်းတွေလည်း ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ကြောညာချက်အရတော့ မွန်ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ ဖက်ဒရယ်တပ်မတော် မဖြစ်ပေါ်လာသေးမီစပ်ကြား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မူဝါဒလမ်းညွှန်ချက်နဲ့အညီ လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=664,q=100/69/696fa4212321204832cb356c4f245794235a19a9.jpg
https://s9.kh1.co/__image/w=650,h=921,q=100/40/406c0ff09c2f15a1e92e637e0349164e5a9c2503.jpg

နောက်ထပ်သတင်းတွေအနေနဲ့ကတော့ ရှမ်းပြည်နယ် ဟိုပုံမြို့အပြင် အခြားသော မြန်မာနိုင်ငံအတွင်းက မြို့နယ်တွေမှာ အမျိုးမျိုးသော ပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်နေကြတဲ့ သတင်းတွေ ပျံ့နှံ့နေတာကို တွေရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းက ပုစွန်တောင်မြို့နယ်မှာ ကားတွေတားပြီး စစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=584,q=100/80/808da1568870960d468489612ccf59346d53481f.jpg
https://s9.kh1.co/__image/w=650,h=660,q=100/fd/fdbd7c3ea4e0af1f823fe12cea566708745faa87.jpg
https://s9.kh1.co/__image/w=650,h=642,q=100/3f/3f18ff88a9cb8d9d9de344272893d43823e5910f.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T