အပြင်ကနေ သူတို့ရဲ့နာမည်တွေကိုအော်ခေါ်ပြီး လာရောက်အားပေးနှစ်သိမ့်ကြတဲ့ မိဘတွေကို ပြန်နှုတ်ဆက်နေတဲ့ လူငယ်လေးတွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/2b/2bd7a665bb8491ea2ae8332278511adcbafe9776.jpg
နေ့စဉ်သတင်းများ

 ၂၂-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အပြင်ကနေ သူတို့ရဲ့နာမည်တွေကိုအော်ခေါ်ပြီး လာရောက်အားပေးနှစ်သိမ့်ကြတဲ့ မိဘတွေကို ပြန်နှုတ်ဆက်နေတဲ့ လူငယ်လေးတွေရဲ့ဗီဒီယိုဖိုင်

လူငယ်တွေကတော့ သူတို့ရဲ့အသက်ကိုတောင် ပဓာနမထားဘဲ အန္တရာယ်တွေကြားကနေ ရဲရဲဝင့်ဝင့်အရှေ့ထွက်ပြီး ဆန္ဒဖော်ထုတ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေကို ကာကွယ်ဖို့ဆိုရင်လည်း အမြဲအသင့်ရှိနေကြတဲ့ လူငယ်တွေက ငယ်ရွယ်ပေမယ့် ရဲစွမ်းသတ္တိရှိကြောင်း ပြသခဲ့ကြတာလည်း ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ကာလအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ လူငယ်တွေ အများအပြားရှိလာခဲ့ပြီပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူငယ်တွေရဲ့ရုံးချိန်းကို သွားရောက်ခဲ့တဲ့ ပြည်သူတစ်ဦးက ဓာတ်ပုံအချို့နဲ့ ဗီဒီယိုဖိုင်တစ်ခုကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုကတော့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေနဲ့ သူတို့ရဲ့မိဘဆွေမျိုးတွေ အပြန်အလှန်နှုတ်ဆက်နေကြတဲ့ မြင်ကွင်းကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ် ။ ဗီဒီယိုထဲမှာဆိုရင် သူတို့ရဲ့ကလေးတွေအတွက် စိတ်ပူနေကြတဲ့ မိဘတွေက ခြံစည်းရိုးအပြင်ဘက်ကနေ ကလေးတွေရဲ့နာမည်ကိုအော်ခေါ်ပြီး နှုတ်ဆက်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အထဲမှာရောက်နေတဲ့ လူငယ်လေးတွေကလည်း သူတို့ရဲ့မိဘ၊ဆွေမျိုး၊သူငယ်ချင်းတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ပြန်ပြီးလက်ပြနှုတ်ဆက်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုကို မြင်တွေ့လိုက်ရတဲ့ ပြည်သူတွေကတော့ ခွဲခွာနေရတဲ့ မိဘနဲ့သားသမီးတွေရဲ့အဖြစ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ် ။ လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြည့်ရှုသူများပြားနေတဲ့ ဗီဒီယိုကို အောက်မှာဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader

Video Credit-Original Uploader

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T