အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေတဲ့ကလေးတွေကို စျေးရောင်းလို့ရအောင်စီစဉ်ပေးပြီး အစအဆုံးကူညီနေကြတဲ့ စေတနာရှင်ပြည်သူတစ်စု

//s9.kh1.co/ac/acd272bc391ae9aca0f3ae75c8a5094e42696a55.jpeg
နေ့စဉ်သတင်းများ

 ၂၂-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေတဲ့ကလေးတွေကို စျေးရောင်းလို့ရအောင်စီစဉ်ပေးပြီး အစအဆုံးကူညီနေကြတဲ့ စေတနာရှင်ပြည်သူတစ်စု

တခြားသူအပေါ်မှာ စာနာထောက်ထားတတ်ပြီး ကူညီချင်စိတ်အပြည့်ရှိကြတဲ့ ပြည်သူလူထုကတော့ အခုလိုကာလမှာလည်း ခက်ခဲနေသူတွေကို တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့်လမ်းပေါ်ရောက်နေတဲ့ ကလေးတွေကို ပြည်သူတစ်စုက ဝိုင်းဝန်းစောင့်ရှောက်ပေးပြီး လိုအပ်တာတွေကိုကူညီပေးနေကြတာဖြစ်ပါတယ်။ကလေးတွေရဲ့ဝါသနာကိုလည်း ဖြည့်ဆည်းပေးကြပြီး မိမိရဲ့မောင်လေး၊ညီလေးတွေလိုမျိုး ဂရုစိုက်ပေးကြတဲ့ ပြည်သူတစ်စုရဲ့စိတ်ဓာတ်ကလေးစားဖို့ကောင်းလှပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အလုပ်လုပ်ချင်စိတ်အပြည့်အဝရှိတဲ့ကလေးတွေအတွက် ပြည်သူတစ်စုက အရင်းအနှီးစိုက်ထုတ်ပေးကြပြီး စျေးရောင်းလို့ရအောင်စီစဉ်ပေးကြတာဖြစ်ပါတယ်။ကလေးတွေရောင်းဖို့အတွက် မုန့်တွေ၊ပန်းတွေနဲ့ maskဘူးလေးတွေကို ဝယ်ပေးထားပြီး ခုံလေးတစ်လုံးနဲ့သေချာကူညီပေးထားတာဖြစ်ပါတယ်။ကလေးတွေကလည်း တက်တက်ကြွကြွနဲ့စျေးရောင်းကြပြီး ရရှိလာတဲ့ပိုက်ဆံတွေကိုလည်း စုဆောင်းထားကြတာဖြစ်ပါတယ်။ကလေးတွေက ပန်းတွေကို စျေးအသက်သာဆုံးနဲ့ ရောင်းချနေကြပြီး အလုပ်လုပ်ရလို့ပျော်ရွှင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စေတနာရှင်ပြည်သူတစ်စုကတော့ ကလေးတွေနေဖို့အတွက်လည်း အိမ်လေးတစ်လုံးကို ရှာဖွေနေသေးတာဖြစ်ပါတယ်။အခုလိုမျိုး ကိုယ်တာဝန်ယူပြီးစောင့်ရှောက်ပေးတဲ့ကလေးတွေကို အဆုံးထိကူညီပေးနေတဲ့ စေတနာရှင်ပြည်သူတွေရဲ့ကာလဒါနကို ပြည်သူလူထုကလည်းထပ်တူကြည်နူးပြီး ပီတိဖြစ်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်ကလေးလေးတွေကို အားအင်ဖြစ်စေဖို့အတွက် စမ်းချောင်းဘက်ကိုရောက်ဖြစ်ရင် သူတို့ရောင်းချနေတဲ့ပစ္စည်းလေးတွေကို တစ်နိုင်တစ်ပိုင်လေး ဝယ်ယူအားပေးကြပါဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T