ပလုတ်တုတ်လေးတွေရောင်းကာ ခက်ခဲစွာရုန်းကန်နေရတဲ့အဘိုးဆီကိုသွားပြီး အလှူရှင်အားလုံးရဲ့ကိုယ်စား ကူညီလှူဒါန်းခဲ့တဲ့ စေတနာရှင်ပြည်သူတစ်ဦး

//s9.kh1.co/bf/bf4c9c8368f6f1f2ed2466b870acb51dffe13160.jpeg
နေ့စဉ်သတင်းများ

 ၂၂-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ပလုတ်တုတ်လေးတွေရောင်းကာ ခက်ခဲစွာရုန်းကန်နေရတဲ့အဘိုးဆီကိုသွားပြီး အလှူရှင်အားလုံးရဲ့ကိုယ်စား ကူညီလှူဒါန်းခဲ့တဲ့ စေတနာရှင်ပြည်သူတစ်ဦး

လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်သူလူထုက သက်ကြီးရွယ်အိုအဘိုး၊အဘွားတွေနဲ့ စားဝတ်နေရေးခက်ခဲနေကြတဲ့ လက်လုပ်လက်စားပြည်သူတွေကို တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။မကြာသေးခင်လပိုင်းအတွင်းမှာလည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဘိုးတစ်ဦးက အန္တရာယ်များနေတဲ့အချိန်မှာတောင်လမ်းပေါ်ထွက်ပြီး ဝမ်းရေးအတွက်ရုန်းကန်နေရတာဖြစ်ပါတယ်။ပလုတ်တုတ်လေးတွေနဲ့ ကလေးကစားစရာအချို့ကို လမ်းသွား၊လမ်းလာတွေမြင်အောင်လို့ ဝှေ့ယမ်းပြပြီး စျေးရောင်းနေတဲ့အဘိုးကို တွေ့သွားတဲ့ပြည်သူတစ်ဦးကအဘိုးရဲ့ခွင့်ပြုချက်နဲ့ဓာတ်ပုံရိုက်လာပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကူညီပေးဖို့အတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူလူထုကလည်း တစ်ခုခုဆိုရင် ကူညီဖေးမကြဖို့ အသင့်ရှိနေကြတာကြောင့် အဘိုးကိုလှူဒါန်းဖို့အတွက် ကိုယ်တတ်နိုင်သလောက်ထည့်ဝင်လှူဒါန်းကြတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်ဦးကလည်း ရရှိလာတဲ့အလှူငွေတွေကို အားလုံးရဲ့ကိုယ်စား အဘိုးဆီကိုယ်တိုင်သွားပြီးလှူဒါန်းပေးအပ်ခဲ့တာဖြစ်ပါတယ်။အဘိုးကတော့ စက္ကူစင်္ကြာလေးတွေ၊ပလက်စတစ်ဘူးခွံတွေနဲ့ပလုတ်တုတ်လေးတွေလုပ်ရောင်းလာတာ အနှစ်(၃၀)ကျော်ရှိနေပြီလို့ လာလှူဒါန်းတဲ့ စေတနာရှင်ပြည်သူတစ်ဦးကို ပြောပြနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘိုးရဲ့နေအိမ်ကလည်း မိုးမလုံ၊လေမလုံတဲ့အပြင် တစ်ဘက်ကိုစောင်းပြီး ပြိုလုဆဲဆဲဖြစ်နေတာဖြစ်ပါတယ်။အဘိုးက တစ်နေ့လုပ်မှတစ်နေ့စားရတာကြောင့် အပိုငွေလည်းမစုနိုင်ဘဲ မပြင်ရတာနှစ်ချီနေပြီဖြစ်ပါတယ်။အဘိုးကတော့ သူ့ကိုလာလှူကြတာ (၈)ဦး(၉)ဦးရှိနေပြီလို့လည်း ဝမ်းသာစွာနဲ့ပြောပြခဲ့တာဖြစ်ပါတယ်။နောက်ထပ်လည်းစေတနာရှင်ပြည်သူတွေက အဘိုးကိုလှူဒါန်းကူညီပေးချင်တယ်ဆိုရင်တော့ (၄၂_၈၉လမ်း၊အရှေ့ပတ္တာရပ်ကွက်၊မိုးကောင်းဓမ္မာရုံအနောက်ဘက်)ဖြစ်ပြီး (၀၉၄၀၀၄၉၉၆၅၄)ကိုလည်း ဆက်သွယ်လို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T