မတ်လ(၃)ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့သူ့ရဲ့သမီးလေးကို အမြန်လွှတ်ပေးပါတော့ဗျာဆိုပြီး တောင်းဆိုလိုက်တဲ့ ဖခင်တစ်ဦး

//s9.kh1.co/93/93bf7199e7ffd044a6154a3d76d562698b75b8d3.jpeg
နေ့စဉ်သတင်းများ

 ၂၂-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မတ်လ(၃)ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့သူ့ရဲ့သမီးလေးကို အမြန်လွှတ်ပေးပါတော့ဗျာဆိုပြီး တောင်းဆိုလိုက်တဲ့ ဖခင်တစ်ဦး

ရဲစွမ်းသတ္တိအပြည့်ရှိကြတဲ့လူငယ်တွေကတော့ ဒီနေ့အချိန်ထိတိုင် တစ်ရက်မှမနားဘဲ လက်ရှိအခြေအနေကိုရင်ဆိုင်နေကြတာဖြစ်ပါတယ်။လူငယ်တွေက တီထွင်ကြံဆနိုင်စွမ်းလည်းရှိကြတာကြောင့် လူထုလှုပ်ရှားမှုတွေကိုနည်းလမ်းအမျိုးမျိုးနဲ့ တစ်နေ့တစ်မျိုးမရိုးရအောင်ရွက်နေကြတာဖြစ်ပါတယ်။ရက်ပေါင်း(၈၁)ရက်ကြာမြင့်သွားပြီဖြစ်တဲ့ လက်ရှိအခြေအနေမှာဆိုရင် ဖမ်းဆီးခံရတဲ့ပြည်သူတွေလည်း ထောင်ကျော်ရှိသလို  အသက်ပေးသွားရပြီဖြစ်တဲ့သူရဲကောင်းတွေလည်း အယောက်(၇၀၀)ကျော်နေပြီဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ဖမ်းဆီးခံရသူတွေထဲမှာ မိန်းကလေးတွေလည်း အများအပြားပါဝင်နေတာဖြစ်ပြီး ပြည်သူလူထုကတော့ ဖမ်းဆီးခံရသူတွေအတွက် နေ့တိုင်း speak outလုပ်ပေးကာ တစ်ဖက်တစ်လမ်းကနေကူညီနေကြတာဖြစ်ပါတယ်။(၃.၃.၂၀၂၁) ရက်နေ့ကဆိုရင်လည်း အသက်(၂၀)ကျော်အရွယ် မိန်းကလေးတစ်ဦးဖမ်းဆီးခံခဲ့ရလို့ မိသားစုဝင်တွေလည်း အရမ်းစိတ်ပူနေကြတာဖြစ်ပါတယ်။မိန်းကလေးရဲ့ဖခင်ဆိုရင် တခြားဖမ်းဆီးခံရသူတွေလွတ်လာတာကြောင့် သမီးလေးလည်းလွတ်လာမလားဆိုပြီး တမျှော်မျှော်ဖြစ်နေရှာတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိန်းကလေးရဲ့နာမည်က မရတနာဖြစ်ပြီး စိတ်ထားလေးဖြူစင်လို့ လူချစ်လူခင်ပေါများသူတစ်ဦးဖြစ်ပါတယ်။တခြားသူကိုကူညီနေရရင် ပျော်ရွှင်နေတတ်တဲ့ မရတနာက အခုကာလမှာလည်း တခြားသူတွေကို ကူညီရင်းပရဟိတလုပ်နေတာဖြစ်ပါတယ်။မရတနာရဲ့ဖခင်ကတော့”ကလေးကိုဒီလောက်အကြာကြီးဖမ်းထားစရာလိုလို့လား။ပရဟိတလုပ်တာအပြစ်လား။သူတစ်ပါးကိုကူညီနေတာပါလို့ ပြောတတ်တဲ့သမီးလေး။ကျွန်​တော့်သမီးလေးကိုအမြန်ပြန်လွတ်ပေးပါတော့ဗျာ"ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရင်ထဲကသောကတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T