မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုတော့ နိုင်ငံတကာ သတင်းမီဒီယာတွေက အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေတာကြောင့် ပြည်ပနိုင်ငံတွေကပါ သိရှိနေရတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပြည်ပနိုင်ငံတစ်ချို့က ကျောင်းသားကျောင်းသူတွေနဲ့ လူငယ်တွေက မြန်မာနိုင်ငံအတွက် အားပေးစကားတွေပြောကြားပေးနေကြသလို သူတို့တတ်နိုင်သလောက် ကူညီပေးနေကြတာ ဖြစ်ပါတယ် ။ တောင်ကိုရီးယားနိုင်ငံမှာဆိုရင် ပြည်သူတွေအပါအဝင် လွှတ်တော်အမတ်တွေကပါ မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ပေးနေကြတာ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သြစတေးလျနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတစ်ခုက ကျောင်းသူကျောင်းသားတွေက မြန်မာနိုင်ငံအတွက် ဆန္ဒဖော်ထုတ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့ကတော့ သြစတေးလျနိုင်ငံရောက် မြန်မာကျောင်းသားတွေနဲ့အတူ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။ သူတို့အဖွဲ့က သြစတေးလျနိုင်ငံမှာရှိတဲ့ နာမည်ကြီးဖက်ရှင် Brand ဆိုင်တွေရဲ့အရှေ့ကို အဓိကသွားရောက်ပြီး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။
မြန်မာနိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ ကြိုးစားအားထုတ်ပေးနေတဲ့ သူတို့ရဲ့လှုပ်ရှားမှုပုံရိပ်တွေနဲ့ ဗီဒီယိုဖိုင်တွေကလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ် ။ ဗီဒီယိုတစ်ခုမှာဆိုရင် သြစတေးလျ ကျောင်းသားလူငယ်တွေက မြန်မာဘာသာစကားနဲ့ အော်ဟစ်ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်နေကြတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ လတ်တလောမှာ အရမ်းရေပန်းစားနေတဲ့ သြစတေးလျနိုင်ငံက ကျောင်းသူကျောင်းသားတွေရဲ့ဗီဒီယိုဖိုင်ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။
Source & Photo Credit-Original Uploader
Video Credit-Original Uploader