ကိုယ်ဝန် (၆)လတောင်ရှိနေပေမယ့် လိုအပ်တာတွေမဝယ်နိုင်သေးလို့ အလှူခံလာတဲ့ အမျိုးသမီးတစ်ဦးကို ကူညီဖေးမပေးခဲ့ကြတဲ့ ပြည်သူများ

//s9.kh1.co/56/5617fbd9faf37aab4ff5f19c2a877ad6b6bdc93f.jpg
နေ့စဉ်သတင်းများ

 ၂၁-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကိုယ်ဝန် (၆)လတောင်ရှိနေပေမယ့် လိုအပ်တာတွေမဝယ်နိုင်သေးလို့ အလှူခံလာတဲ့ အမျိုးသမီးတစ်ဦးကို ကူညီဖေးမပေးခဲ့ကြတဲ့ ပြည်သူများ

ပြည်သူတွေကတော့ သူတို့ရဲ့ဆန္ဒတွေအတွက် ရှိသမျှခွန်အားတွေနဲ့ ဆက်လက်အားတင်းပြီး လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြဆဲ ဖြစ်ပါတယ် ။ တစ်ဖက်မှာဆိုရင်လည်း လက်လုပ်လက်စားပြည်သူတွေက သူတို့ရဲ့အခက်အခဲတွေနဲ့ အဆင်မပြေမှုတွေကို နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဖြေရှင်းနေကြရတာ ဖြစ်ပါတယ် ။ အမှန်တကယ် အဆင်မပြေဖြစ်နေကြတဲ့ ပြည်သူတွေကလည်း သူတို့ရဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး အကူအညီတောင်းခံလာကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo by Myanmarload TV
Photo by Myanmarload TV

စေတနာရှင်တွေအနေနဲ့ကလည်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် အားပေးကူညီနေကြတာပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကဆိုရင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အကူအညီတောင်းခံလာခဲ့တာ ဖြစ်ပါတယ် ။ သူမရဲ့ကိုယ်ဝန်က (၆)လထဲကိုရောက်လာပြီဖြစ်ပေမယ့် အခုချိန်အထိ လိုအပ်တဲ့ပစ္စည်းတွေ မဝယ်နိုင်သေးတာကြောင့် အသုံးမလိုတော့တဲ့ပစ္စည်းတွေနဲ့ ကလေးအနှီးတွေရှိရင် တောင်းခံပါရစေဆိုပြီး အလှူခံလာခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီအမျိုးသမီးရဲ့Post ကို ဖတ်ရှုလိုက်ရတဲ့ ပြည်သူတွေကတော့ သူမအတွက် လိုအပ်တာတွေအပြင် အလှူငွေတွေကိုပါ လွှဲပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ သူမအတွက် စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ ကူညီဖေးမပေးကြတဲ့ ပြည်သူတွေကို ကိုယ်ဝန်ဆောင်အမျိုးသမီးကလည်း ကျေးဇူးတွေတင်နေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း အဲ့ဒီအမျိုးသမီးက ပိုက်ဆံတွေပါလှူပေးကြတဲ့ ပြည်သူတွေကို အားနာတာကြောင့် ထပ်ပြီးအလှူမခံတော့ကြောင်းကိုလည်း ရေးသားခဲ့သေးတာ ဖြစ်ပါတယ် ။ ဒုက္ခရောက်သူကို ကူညီတတ်ကြတဲ့ ပြည်သူတွေရဲ့‌စေတနာကတော့ တကယ့်ကို ပီတိဖြစ်စရာကောင်းလောက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T