သွေးသစ္စာသီချင်းကို မြန်မာလိုပီပီသသ သီဆိုဖျော်ဖြေပြီး မြန်မာလူမျိုးတွေအတွက် ပါဝင်အားဖြည့်ပေးလိုက်တဲ့ကိုရီးယားအဆိုတော်ကြီးများ

//s9.kh1.co/22/228c92e991e0dd0976e51adce45af597335a3f15.jpeg
နေ့စဉ်သတင်းများ

 ၂၁-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

သွေးသစ္စာသီချင်းကို မြန်မာလိုပီပီသသ သီဆိုဖျော်ဖြေပြီး မြန်မာလူမျိုးတွေအတွက် ပါဝင်အားဖြည့်ပေးလိုက်တဲ့ကိုရီးယားအဆိုတော်ကြီးများ

လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကိစ္စမှာဆိုရင် ကိုရီးယားလူမျိုးတွေကပါ မြန်မာပြည်သူ၊ပြည်သားတွေနဲ့အတူရပ်တည်ပေးနေတာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေနဲ့အလုပ်လုပ်ကိုင်တဲ့သူတွေကလည်း လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။ပြည်တွင်း၊ပြည်ပမှာရှိကြတဲ့ မြန်မာလူမျိုးတွေကတော့အားတက်သရောကူညီပေးနေကြတဲ့ ကိုရီးယားလူမျိုးတွေကို လေးစားပြီးကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

(18.4.2021)ရက်နေ့ကဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံ၊ဘူဆန် ချန်ဝမ်မြို့မှာ မြန်မာကျောင်းသူ၊ကျောင်းသားများ အလုပ်လုပ်ကိုင်နေကြတဲ့သူများအပါအဝင် တောင်ကိုရီးယားပြည်သူတွေကပါ ပူးပေါင်းပါဝင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဆိုရင် “သွေးသစ္စာ”သီချင်းကို ကိုရီးယားအဆိုတော်ကြီးတွေက သီဆိုဖျော်ဖြေခဲ့တဲ့ ထူးထူးခြားခြားအစီအစဉ်တစ်ခုလည်းပါဝင်ခဲ့ပါတယ်။ကိုရီးယားအဆိုတော်ကြီးတွေကတော့ “သွေးသစ္စာ”သီချင်းကို မြန်မာလိုပီပီသသသီဆိုနေပုံက မြန်မာပြည်သူတွေရဲ့ရင်ထဲထိမှန်ပြီး ပီတိဖြစ်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မြန်မာလူမျိုးတွေကလည်း ကိုရီးယားအဆိုတော်ကြီးတွေနဲ့အတူ “သွေးသစ္စာ”သီချင်းကို လိုက်ဆိုကြပြီးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။(၂)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ မြန်မာ့အရေးကို ကိုရီးယားပြည်သူ၊ပြည်သားတွေကပါ တစ်တပ်တစ်အားကူညီပေးနေကြတာကြောင့် ကျေးဇူးတင်စရာကောင်းလှပါတယ်။မြန်မာလူမျိုးတွေကို ပါဝင်အားဖြည့်ပေးရင်း “သွေးသစ္စာ”သီချင်းနဲ့ သီဆိုဖျော်ဖြေပေးခဲ့ကြတဲ့ ကိုရီးယားအဆိုတော်ကြီးတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T