ပဒုမ္မာကြာပန်းကိုကိုင်ဆောင်ပြီး ရဲစွမ်းသတ္တိအပြည့်နဲ့လမ်းပေါ်ထွက်လာကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ထားဝယ်မြို့ကပြည်သူများ

//s9.kh1.co/3c/3ce858456e67a051ad21a519c6e424fe5d5e0ea7.jpeg
နေ့စဉ်သတင်းများ

 ၂၁-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ပဒုမ္မာကြာပန်းကိုကိုင်ဆောင်ပြီး ရဲစွမ်းသတ္တိအပြည့်နဲ့လမ်းပေါ်ထွက်လာကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ထားဝယ်မြို့ကပြည်သူများ

တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာပေမယ့် ပြည်သူလူထုကတော့ လူထုလှုပ်ရှားမှုတွေကို နေ့တိုင်းဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။မြို့နယ်အသီးသီးမှာနေထိုင်နေကြတဲ့ ပြည်သူတွေက လည်းဘယ်အရာကိုမဆို စည်းစည်းလုံးလုံးလုပ်ဆောင်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးကြတာ ဖြစ်ပါတယ်။ဒီရက်ပိုင်းမှာဆိုရင်တော့ထားဝယ်မြို့က ပြည်သူတွေက နည်းလမ်းအမျိုးမျိုးနဲ့ လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ထားဝယ်မြို့က ပြည်သူတွေကတော့ မိုးသည်းထဲမှာလည်း လမ်းပေါ်ထွက်ကြပြီး ညဘက်တွေပါ မနားဘဲ လှုပ်ရှားကြတာဖြစ်ပါတယ်။ထားဝယ်မြို့က ပြည်သူတွေက အခုလိုအချိန်မှာ လမ်းပေါ်ထွက်ရင် အန္တရာယ်ရှိမှန်းသိတာတောင် ရဲစွမ်းသတ္တိအပြည့်နဲ့ ထွက်လာပြီး ရင်ဆိုင်နေကြတာဖြစ်ပါတယ်။(၂၀.၄.၂၀၂၁)ရက်နေ့ကဆိုရင်လည်းထားဝယ်မြို့ကပြည်သူ၊ပြည်သားတွေက ပဒုမ္မာကြာပန်းကို ကိုင်ဆောင်ပြီး အေးအေးချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူလူထုကလည်း တက်တက်ကြွကြွနဲ့ နေ့မနား၊ညမနားလှုပ်ရှားနေကြတဲ့ ထားဝယ်မြို့ကပြည်သူတွေကိုအရမ်းလေးစားနေကြတာဖြစ်ပါတယ်။အခုလိုကာလမှာ ပြည်သူအချင်းချင်းကသာ ရိုင်းပင်းကူညီကြပြီး တစ်ယောက်အခက်အခဲကို တစ်ယောက်က မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။ရက်ပေါင်း(၈၀)ကြာမြင့်သွားပြီဖြစ်တဲ့ လက်ရှိအခြေအနေကို ပြည်သူလူထုက မလျော့သောဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ ဆက်လက်ရင်ဆိုင်နေကြတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T