ဆန်ပြုတ်ပဲသောက်ပြီးဖြတ်ကျော်နေရတဲ့ ကျူးရပ်ကွက်နေထိုင်သူတွေကို အလှူရှင်တွေရဲ့စုပေါင်းအားနဲ့ ကိုယ်တိုင်သွားရောက်ကူညီခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/2a/2a1c2c31111377a260556217df119f22dc69b49c.jpeg
နေ့စဉ်သတင်းများ

 ၂၁-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဆန်ပြုတ်ပဲသောက်ပြီးဖြတ်ကျော်နေရတဲ့ ကျူးရပ်ကွက်နေထိုင်သူတွေကို အလှူရှင်တွေရဲ့စုပေါင်းအားနဲ့ ကိုယ်တိုင်သွားရောက်ကူညီခဲ့တဲ့ ပြည်သူတစ်ဦး

မြန်မာလူမျိုးတွေကတော့ ကိုယ်တိုင်ကခက်ခဲကြပ်တည်းနေကြရင်တောင် တခြားသူကို ကူညီပေးဖို့အတွက်ဆိုရင်အားတက်သရောပါဝင်ကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အလှူခံပို့စ်တွေတွေ့တိုင်း ပြည်သူလူထုက တတ်နိုင်သလောက်လှူဒါန်းကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ဒီလိုကာလမှာ ပြည်သူတိုင်းက အချင်းချင်းရိုင်းပင်းကူညီကြလို့ COVID-19 (first wave)ကတည်းက လက်ရှိအခြေအနေအထိ တောင့်ခံနေနိုင်နေကြတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ပြည်သူတစ်ဦးက ယုဇနဘက်က ကျူးကျော်တွေ ခက်ခဲနေကြတာကြောင့် တတ်နိုင်သလောက်ကူညီပေးဖို့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။တချို့ပြည်သူတွေကလည်းသဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။ယုဇနဘက်က ကျူးကျော်ရပ်ကွက်မှာဆိုရင်လျှပ်စစ်မီးလည်း မရရှိတာကြောင့် ဖယောင်းတိုင်နဲ့သာနေထိုင်နေရတာဖြစ်ပါတယ်။အဲ့ဒီမှာနေထိုင်ကြတဲ့ ပြည်သူတွေကလည်း တစ်နေ့လုပ်အားခ(၅၀၀/၁၀၀၀)ပဲရလို့ ဆန်ပြုတ်သောက်နေရတဲ့အခြေအနေဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့ကြောင့်လည်း ပြည်သူတစ်ဦးက အလှူရှင်တွေရဲ့ စေတနာနဲ့ ဘက်ထရီမီးအိမ်၊ဖယောင်းတိုင်၊မုန့်တွေနဲ့ ခြင်ဆေးခွေ​တွေကို ဝယ်ပြီး ကျူးရပ်ကွက်မှာနေထိုင်သူတွေကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်လည်း နေထိုင်ရာနေရာတွေက မိုးမလုံ၊လေမလုံတာကြောင့် ကာရံဖို့နဲ့ဘက်စုံသုံးဖို့အတွက် အလှူငွေ(၆၀၀၀၀)ကျပ် လှူဒါန်းခဲ့သေးတာဖြစ်ပါတယ်။အခုလိုမျိုး ပြည်သူတွေစုပေါင်းအားနဲ့ တစ်ပိုင်တစ်နိုင်လေးကူညီနေကြတာကြောင့် ခက်ခဲနေသူတွေလည်း အဆင်ပြေသွားကြတာဖြစ်ပါတယ်။နောက်ထပ်လှူဒါန်းကူညီချင်တဲ့ပြည်သူတွေအတွက် (09444482883)ကိုဆက်သွယ်မေးမြန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T