ဆီးချိုရောဂါကြောင့် ခြေထောက်နှစ်ဘက်လုံးဖြတ်ထားရတဲ့အပြင် တစ်ယောက်တည်းနေရတဲ့အတွက် အကူအညီလိုအပ်နေတဲ့ အဘိုးအိုတစ်ဦး

//s9.kh1.co/43/43be35de0bf5969ebcd27b129412fb3632608ad8.jpeg
နေ့စဉ်သတင်းများ

 ၂၀-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဆီးချိုရောဂါကြောင့် ခြေထောက်နှစ်ဘက်လုံးဖြတ်ထားရတဲ့အပြင် တစ်ယောက်တည်းနေရတဲ့အတွက် အကူအညီလိုအပ်နေတဲ့ အဘိုးအိုတစ်ဦး

လတ်တလောအခြေအနေမှာဆိုရင်တော့ ပြည်သူလူထုက ဒီလိုခက်ခဲနေတဲ့အချိန်ကာလကို အပြန်အလှန်ဖေးမကူညီရင်း အားလုံးအတူတူရင်ဆိုင်ကျော်ဖြတ်နေကြတာပဲ ဖြစ်ပါတယ်။ပြည်သူတွေက သက်ကြီးရွယ်အိုအဘိုးအဘွားတွေနဲ့ လက်ရှိမှာစားဝတ်နေရေးကြပ်တည်းနေကြတဲ့သူတွေကို တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။ပြည်သူတိုင်းနီးပါးကလည်း အကူအညီလိုအပ်နေကြတဲ့သူတွေကို ကိုယ်ချင်းစာလို့ သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုဆိုရင်လည်း ပြည်သူတစ်ဦးက အသက်(၇၆) နှစ်အရွယ် အဘိုးအိုတစ်ဦးကို ကူညီပေးဖို့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။အဘိုးရဲ့နာမည်ကတော့ ဒဲ့ဒိုး(ခ)ဦးသက်ဝေဖြစ်ပြီး ဟိုးအရင်တုန်းကဆိုရင် သရုပ်ဆောင်၊ကာတွန်းရေးဆရာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုတာဖြစ်ပါတယ်။အဘိုးက ဆီးချိုကြောင့် ခြေထောက်နှစ်ဘက်လုံးဖြတ်ထားရတာဖြစ်ပြီး တစ်ယောက်တည်းနေထိုင်ရတဲ့အတွက် ပြုစုပေးမယ့်လူလည်းမရှိတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အဘိုးခမျာ ခြေထောက်နှစ်ဘက်လုံးမရှိတော့ပေမယ့်လည်း ဘဝကိုအဆင်ပြေသလို ရပ်တည်နေရတာဖြစ်ပါတယ်။အခုလိုကာလမျိုးမှာ အဘိုးအတွက် စားဝတ်နေရေးအရမ်းခက်ခဲနေတာဖြစ်လို့ ပြည်သူတချို့ကလည်းတတ်နိုင်သလောက်ကူညီလှူဒါန်းပေးကြတာဖြစ်ပါတယ်။နောက်ထပ်လှူဒါန်းချင်ကြတဲ့ စေတနာရှင်ပြည်သူတွေလည်း အဘိုးနေထိုင်တဲ့ တောင်ဒဂုံ(၇၆)ရပ်ကွက်၊ယုဇနအိမ်ယာအနီး(09675844722)ကို တိုက်ရိုက်ဆက်သွယ်ကာလှူဒါန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T