မြန်မာလူမျိုးတွေရဲ့အခက်အခဲကို ကိုယ်ချင်းစာတာကြောင့် ချိုင်းထောင့်နဲ့လာပြီး ဆန္ဒထုတ်ဖော်ပေးနေတဲ့ ကိုရီးယားလူမျိုးတစ်ယောက်

//s9.kh1.co/31/318189fc74ca7f2d9459b2c779df594f6e59da13.jpeg
နေ့စဉ်သတင်းများ

 ၂၀-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာလူမျိုးတွေရဲ့အခက်အခဲကို ကိုယ်ချင်းစာတာကြောင့် ချိုင်းထောင့်နဲ့လာပြီး ဆန္ဒထုတ်ဖော်ပေးနေတဲ့ ကိုရီးယားလူမျိုးတစ်ယောက်

မြန်မာပြည်သူ၊ပြည်သားတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကို ကိုယ်ရောစိတ်ပါနှစ်ပြီး အစွမ်းကုန်ကြိုးစားရင်ဆိုင်နေကြတာဖြစ်ပါတယ်။ပြည်ပရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေကလည်း နိုင်ငံခြားသားတွေသိရှိစေဖို့အတွက် မြန်မာ့အရေးကိစ္စကို နည်းလမ်းအမျိုးမျိုးနဲ့ဖော်ပြကြပြီး လမ်းပေါ်ထွက်ကာ ကူညီပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ကိုရီးယားလူမျိုးတချို့ကလည်း မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပေးပြီးလှုပ်ရှားမှုတွေကို တတ်နိုင်သလောက်ဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်ရှိအခြေအနေကြောင့် အရမ်းနာကျင်ခံစားနေရတဲ့ ကိုရီးယားရောက်မြန်မာလူမျိုးတွေကို ကိုရီးယားနိုင်ငံကလည်း ကြည့်ရှုစောင့်ရှောက်ပေးကြပြီး အားပေးနှစ်သိမ့်ကြလို့ ပီတိဖြစ်စရာကောင်းလှပါတယ်။အခုရက်ပိုင်းတွေမှာဆိုရင်လည်း ကိုရီးယားရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေက လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေကိုပြုလုပ်နေကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာဆိုရင် မြန်မာလူမျိုးတွေနဲ့အတူ ကိုရီယားလူမျိုးတချို့ကပါ ပူပေါင်းပါဝင်ပြီး တစ်တပ်တစ်အားကူညီပေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူထုလှုပ်ရှားမှုတစ်ခုမှာဆိုရင် ကိုရီးယားလူမျိုးတစ်ယောက်က ချိုင်းထောက်နဲ့ကိုလာပြီး မြန်မာပြည်သူတွေအတွက် ဆန္ဒထုတ်ဖော်ပေးနေတာဖြစ်ပါတယ်။ဆိုင်းဘုတ်လေးကိုင်ပြီး မြန်မာ့အရေးကိစ္စကို တတ်နိုင်သလောက်ကူညီပေးနေတဲ့ ကိုရီယားလူမျိုးကို မြန်မာပြည်သူ၊ပြည်သားတွေကလည်း လေးစားနေကြတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေရဲ့ လက်ရှိအခြေအနေကို ကိုယ်ချင်းစာပြီး ဆန္ဒထုတ်ဖော်တဲ့နေရာမှာ လာရောက်ဝန်းရံပေးနေတဲ့ ကိုရီးယားလူမျိုးရဲ့ပုံရိပ်လေးကို လေးစားစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T