မြန်မာပြည်သူတွေကတော့ ရောက်ရာနေရာကနေ ကိုယ့်နိုင်ငံအတွက် တတ်နိုင်သမျှ ကြိုးစားအားထုတ်ပြီး တာဝန်ကျေပွန်ပေးနေကြတာပဲ ဖြစ်ပါတယ် ။ ဂျပန်မှာဆိုရင်လည်း မြန်မာလူငယ်တွေက မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအကြောင်း ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို လူစည်ကားရာ ရထားဘူတာရုံတွေမှာ လိုက်လံဝေငှနေတာပဲ ဖြစ်ပါတယ် ။ ဂျပန်ရောက် မြန်မာလူငယ်တွေပြုလုပ်တဲ့ လူထုလှုပ်ရှားမှုမှာတော့ နာမည်ကျော် Porn Star တစ်ဦးကလည်း လာရောက်ကူညီပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Mitsugu Somezima's FB Acc

သူကတော့ ဂျပန် Porn Star တစ်ဦးဖြစ်တဲ့ "Mitsugu Somezima" ပဲ ဖြစ်ပါတယ် ။ သူက မြန်မာနိုင်ငံရဲ့အခြေအနေတွေကို စာနာနားလည်ပြီး သူတတ်နိုင်တဲ့ဘက်ကနေ ဖေးမကူညီပေးနေတာပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း Mitsugu Somezima က မြန်မာလူငယ်တွေပြုလုပ်ထားတဲ့ လက်ကမ်းစာစောင်တွေကို ဘူတာရုံတွေမှာ လိုက်ဝေပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မြန်မာနိုင်ငံအတွက် ဆုတောင်းစကားတွေ ရေးသားပေးထားပါသေးတယ်။

Photo Credit-Mitsugu Somezima's FB Acc
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Mitsugu Somezima's FB Acc

Mitsugu Somezima က ဂျပန်ရောက်မြန်မာတွေနဲ့အတူ မြန်မာနိုင်ငံအတွက် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ပေးနေတာက ပထမဆုံးအကြိမ်တောင် မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့မတ်လကတည်းက ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မြန်မာလူငယ်တွေကို လာရောက်အားဖြည့်ပေးခဲ့သေးတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း မြန်မာပြည်သူတွေက နာမည်ကျော် ဂျပန် Porn Star ဖြစ်တဲ့ Mitsugu Somezima ရဲ့လုပ်ရပ်ကို ချီးကျူးလေးစားပြီး ကျေးဇူးတင်နေကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Mitsugu Somezima's FB Acc & Original Uploader

Photo Credit-Original Uploader
Photo Credit-Mitsugu Somezima's FB Acc
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Mitsugu Somezima's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။