လမ်းကြမ်းတွေကိုဖြတ်ပြီး တောင်ထိပ်အထိ ခက်ခက်ခဲခဲတက်ကာ Slogan ကိုချိတ်ဆွဲပြခဲ့တဲ့ မန္တလေးမြို့ကလူငယ်တစ်စု

//s9.kh1.co/b6/b6b301823eb2830756018183f3dd7fbdcbc78323.jpg
နေ့စဉ်သတင်းများ

 ၁၉-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

လမ်းကြမ်းတွေကိုဖြတ်ပြီး တောင်ထိပ်အထိ ခက်ခက်ခဲခဲတက်ကာ Slogan ကိုချိတ်ဆွဲပြခဲ့တဲ့ မန္တလေးမြို့ကလူငယ်တစ်စု

အခုချိန်မှာတော့ လူငယ်တွေက သူတို့ရဲ့ရင်ထဲက ဆန္ဒတွေကို နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ဖော်ထုတ်ပြသနေကြတာ ဖြစ်ပါတယ် ။ လူငယ်တွေက လူထုလှုပ်ရှားမှုပွဲတွေမှာ ရှေ့ဆုံးက ဦးဆောင်နေသလို Strike တွေတစ်မျိုးပြီးတစ်မျိုး ပြုလုပ်ဖို့အတွက် အမြဲတမ်း စဥ်းစားကြံဆနေကြတာလည်း ဖြစ်ပါတယ် ။ အခုလည်း မန္တလေးမြို့က လူငယ်တစ်စုက ထူးထူးခြားခြားဖြစ်အောင် တောင်ထိပ်ပေါ်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မန္တလေးမြို့မှာ တက်ရပြုရတာ အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံးလို့ဆိုနိုင်မယ့် "မြလိပ်တောင်"ကို လူငယ်တွေက ကြိုးစားပမ်းစားနဲ့ ရအောင်တက်ခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့ကတော့ ကြမ်းတမ်းတဲ့ လမ်းခရီးတွေကို ကျော်ဖြတ်ပြီး ကျောက်တုံးတွေကို ကုတ်တွယ်ကာ ခဲရာခဲဆစ်နဲ့ပဲ တောင်ထိပ်အထိရောက်အောင် သွားနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။ တောင်ထိပ်ကိုရောက်တဲ့အခါမှာတော့ လူငယ်တွေက သူတို့ရဲ့ဆန္ဒကို ရေးသားဖော်ပြထားတဲ့ စာတန်းတစ်ခုကို ချိတ်ဆွဲပြခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

တောင်ထိပ်ပေါ်မှာ Slogan တက်ချိတ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လူငယ်တွေရဲ့ပုံရိပ်တွေကတော့ လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ အတော်လေးကို ပျံ့နှံ့သွားခဲ့တာပဲ ဖြစ်ပါတယ် ။ နေပူကြီးထဲမှာ အပင်ပန်းခံပြီး အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြတဲ့ ဒီလူငယ်တွေရဲ့လုပ်ရပ်ကို ပြည်သူတွေကလည်း ချီးကျူးနေကြတာ ဖြစ်ပါတယ် ။ မြလိပ်တောင်ပေါ်ကို ခက်ခက်ခဲခဲတက်ပြီး တောင်ထိပ်မှာ Slogan တက်ချိတ်ခဲ့ကြတဲ့ မန္တလေးမြို့က လူငယ်တွေရဲ့လှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T