သားလေးအသက်အန္တရာယ်ကင်းကြောင်း သိပြီးမှသာ စိတ်အေးနိုင်မှာဖြစ်လို့ တွေ့ခွင့်ပေးဖို့နဲ့ ဆေးကုသခွင့်ပေးဖို့ တောင်းဆိုလာတဲ့ ကိုဝေမိုးနိုင်ရဲ့မိခင်

//s9.kh1.co/43/43933553f82877388e595da74beeec5f459dd82c.jpg
နေ့စဉ်သတင်းများ

 ၁၈-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

သားလေးအသက်အန္တရာယ်ကင်းကြောင်း သိပြီးမှသာ စိတ်အေးနိုင်မှာဖြစ်လို့ တွေ့ခွင့်ပေးဖို့နဲ့ ဆေးကုသခွင့်ပေးဖို့ တောင်းဆိုလာတဲ့ ကိုဝေမိုးနိုင်ရဲ့မိခင်

မုံရွာမြို့မှာပြုလုပ်တဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာ ရှေ့ဆုံးကနေ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ကိုဝေမိုးနိုင်ကတော့ ပြီးခဲ့တဲ့ ဧပြီလ (၁၅)ရက်နေ့၊ နေ့လည်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ ကိုဝေမိုးနိုင်ရဲ့သတင်းက လူမှုကွန်ယက်စာမျက်နှာထက်မှာ အတော်လေး ပျံ့နှံ့သွားခဲ့ပြီး နိုင်ငံတကာ သတင်းမီဒီယာတွေမှာပါ ဖော်ပြခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ လူငယ်တွေကတော့ ကိုဝေမိုးနိုင်အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းနေကြသလို သူ့ရဲ့မိခင်ခမျာလည်း အရမ်းကို စိတ်ပူပန်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Wai Moe Naing's FB Acc
Photo Credit-Wai Moe Naing's FB Acc

အခုလည်း ကိုဝေမိုးနိုင်ရဲ့မိခင်က သူမရဲ့ဆန္ဒတွေနဲ့ တောင်းဆိုချက်တွေကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ မိခင်ဖြစ်သူရဲ့စာထဲမှာတော့ သူမရဲ့သားလေးဝေမိုးနိုင်က မွေးစမှစ၍ ယခုအသက်အရွယ်အထိ မည်သူတစ်ဦးတယောက်ကိုမျှ ထိခိုက်နာကျင်စေသောစိတ်ဖြင့် ရန်ပြုခဲ့ခြင်းမရှိခဲ့ကြောင်း ပြောပြပြီး မိခင်မေတ္တာနဲ့ သစ္စာပြုထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူမရဲ့သားလေးကို ဆေးကုသခွင့်ပေးဖို့ကိုလည်း လေးလေးနက်နက် တောင်းဆိုထားတာ ဖြစ်ပါတယ် ။

Photo Credit-Wai Moe Naing's FB Acc
Photo Credit-Wai Moe Naing's FB Acc
Photo Credit-Wai Moe Naing's FB Acc
Photo Credit-Wai Moe Naing's FB Acc

မိခင်တစ်ယောက်အနေနဲ့ သားဖြစ်သူ အသက်အန္တရာယ်ကင်းရှင်းကြောင်း သိရပြီးမှသာ စိတ်အေးနိုင်မှာဖြစ်ကြောင်းကိုလည်း ကိုဝေမိုးနိုင်ရဲ့မိခင်က ပြောထားပါသေးတယ်။ တောင်းဆိုချက်တွေထဲမှာတော့ "သားဖြစ်သူနဲ့ တွေ့ခွင့်ပေးဖို့၊ ကိုဝေမိုးနိုင်မိသားစုနဲ့ ရှေ့နေ့နဲ့ အမြန်ဆုံးတွေ့ခွင့်ရဖို့ ၊ ကိုဝေမိုးနိုင်ကို ဆေးကုသခွင့်ပေးဖို့" ဆိုတဲ့ အချက်တွေကို ဦးစားပေးအနေနဲ့ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ် ။ သားဖြစ်သူအတွက် စိုးရိမ်ပူပန်နေတဲ့ မိခင်တစ်ယောက်ရဲ့ခံစားချက်တွေကတော့ စာသားတွေနဲ့တင် ပေါ်လွင်နေတာ ဖြစ်ပါတယ် ။

Source & Photo Credit-Wai Moe Naing's FB Acc

Photo Credit-Wai Moe Naing's FB Acc
Photo Credit-Wai Moe Naing's FB Acc
Photo Credit-Wai Moe Naing's FB Acc & Kaung Thar
Photo Credit-Wai Moe Naing's FB Acc & Kaung Thar
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T