ကိုရီးယားရဲနှစ်ယောက်က သူအလုပ်လုပ်တဲ့စက်ရုံကိုတကူးတကလာပြီး အားပေးစကားတွေပြောခဲ့ကြောင်းကို ဖွင့်ဟလာတဲ့ မြန်မာပြည်သူတစ်ဦး

//s9.kh1.co/63/63d807eb5e13158f47cf0bb73fad9b0fb35c9ce3.jpeg
နေ့စဉ်သတင်းများ

 ၁၈-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကိုရီးယားရဲနှစ်ယောက်က သူအလုပ်လုပ်တဲ့စက်ရုံကိုတကူးတကလာပြီး အားပေးစကားတွေပြောခဲ့ကြောင်းကို ဖွင့်ဟလာတဲ့ မြန်မာပြည်သူတစ်ဦး

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုဆိုရင် တချို့နိုင်ငံတွေကပါ အာရုံစိုက်နေကြပြီး တစ်ဖက်တစ်လမ်းကနေ အားပေးကူညီနေကြတာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံကဆိုရင် မြန်မာပြည်သူ၊ပြည်သားတွေအတွက် သူတို့နိုင်ငံကနေလှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်ပြီး အတူတကွရပ်တည်ပေးနေကြတာဖြစ်ပါတယ်။တောင်ကိုရီယားနိုင်ငံမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့ အလုပ်သမားတွေကို ကိုရီးယားလူမျိုးတွေက ကြည့်ရှု့စောင့်ရှောက်ပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း တောင်ကိုရီယားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်သူတစ်ဦးက ပီတိဖြစ်စရာအကြောင်းလေးကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့ ကိုရီးယားရဲနှစ်ယောက်က သူအလုပ်လုပ်နေတဲ့စက်ရုံကို တကူးတကလာပြီး မြန်မာလူမျိုးနဲ့တွေ့ချင်တယ်ဆိုကာ စက်ရုံမှူးဆီမှာခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ကိုရီးယားရဲနှစ်ယောက်ကသူ့ရဲ့နာမည်နဲ့အသက်ကိုမေးပြီး ကဒ်လေးထုတ်ပေးတာဖြစ်ပါတယ်။မြန်မာလူမျိုးကို “မင်း ဒီမှာအဆင်ပြေရဲ့လား၊မင်းမိသားစုနဲ့ အဆက်အသွယ်ရရဲ့လား”ဆိုပြီး မေးခဲ့သေးတယ်လို့ သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့အပြင် ကိုရီးယားရဲနှစ်ယောက်က မြန်မာနိုင်ငံအကြောင်းကို သူတို့သိတယ်ဆိုပြီး အကူအညီလိုအပ်ရင် ဖုန်းဆက်ခိုင်းခဲ့တာဖြစ်ပါတယ်။မြန်မာပြည်သူတစ်ဦးအနေနဲ့လည်း သူတို့နိုင်ငံမှာအလုပ်လာလုပ်တဲ့သူကို အခုလိုနွေးနွေးထွေးထွေးနဲ့ ဂရုစိုက်ပေးလို့ ရင်ထဲကနေငိုချင်သွားရတာဖြစ်ပါတယ်။အခုကာလမှာ တောင်ကိုရီးယားနိုင်ငံက မြန်မာပြည်သူ၊ပြည်သားတွေကို လိုအပ်တဲ့အကူအညီတွေပေးပြီး စောင့်ရှောက်ပေးနေကြတဲ့အကြောင်းလေးကိုပီတိဖြစ်စွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T