ရေဆော့ကစားသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ မော်လမြိုင် သင်္ကြန်မြင်ကွင်းများ

//s9.kh1.co/48/48a745fef515bf4bf72d3e57c6e21761781d7600.jpeg
နေ့စဉ်သတင်းများ

 ၁၆-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

...

သင်္ကြန်လို့ဆိုလိုက်တာနဲ့ မြန်မာလူမျိုးတွေရဲ့ လူကြီးလူငယ်မရွေး ရင်ထဲမှာမြတ်နိုးတန်ဖိုးထားရာ ပျော်ရွှင်စရာပွဲတော်ကြီးပဲဖြစ်ပါတယ်။သင်္ကြန်ရက်တွေမှာ လူမျိုးဘာသာမရွေး ရေဆော့ကစားကြသူနဲ့ ရေပတ်ခံထွက်ကြသူများရှိသလို ဖျော်ဖြေပွဲများ စတုဒိသာကျွေးမွေးသူများနဲ့ နေရာအနှံအပြားမှာ စည်းကားခဲ့ကြတာ ခေတ်အဆက်ဆက်ပါပဲနော်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဒီလိုခေတ်အဆက်ဆက် ဆင်နွှဲလာကြတဲ့ ပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်ပွဲတော်ကြီးကို မကျင်းပနိုင်တာ နှစ်နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ပထမနှစ်မှာတော့ ကိုဗစ်ရောဂါကြောင့် မကျင်းပနိုင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပြင် တော်လှန်ရေးမှာ သေဆုံးသွားကြတဲ့ သူရဲကောင်းတွေကို သနားငဲ့ညှာ လေးစားစိတ်နဲ့ မြို့အသီးသီးရဲ့နေရာတိုင်းမှာမည်သူမျှမကျင်းပကြပဲ တိတ်ဆိတ်နေခဲ့ပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဒီလိုတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေတဲ့ မြို့တွေထဲမှာ မော်လမြိုင်လည်း အပါအဝင်ပါပဲနော်။ခုလို ရေဆော့ကစားခြင်းမရှိတဲ့သင်္ကြန်ပွဲတော်ကြီးနဲ့ ပတ်သက်ပြီးပြည်သူတစ်ယောက်ကလည်း " အရင်ကသင်္ကြန်ဆိုရင်စည်းကားလွန်းတဲ့ လမ်းတွေကအခုဆိုခြောက်ကပ်နေတယ် ပြည်သူတွေစိတ်ဓာတ်ကမာတယ် ပြည်သူတွေညီကြတယ် ကလေးတစ်ချို့တော့ရေကစားနေတာတွေ့တယ် လူအများစုကတော့ သင်္ကြန်ကျင်းပတာမျိုးမလုပ်ကြဘူးလို့ ကမ်းနားစျေးသည်တစ်ဦးကပြောပါတယ်" ဆိုပြီး ရင်ဖွင့်စကားလေးပြောကြားလာတာဖြစ်ပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T