ဖြိုခွင်းမှုတွေကြားကနေပဲ သွေးမတိတ် ပျောက်ကျားသပိတ်ကို အောင်မြင်စွာ လှုပ်ရှားနိုင်ခဲ့တဲ့ ကြည့်မြင်တိုင်ကလူငယ်များ

//s9.kh1.co/01/01c34cf92ea9135bd272d82d8b3e877a4df7471e.jpeg
နေ့စဉ်သတင်းများ

 ၁၅-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

ဖေဖော်ဝါရီလထဲက စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကိုယ်စီကို ပြည်သူအားလုံးက ဒီနေ့ထိမမေ့ဘဲဆုတောင်းပေးခြင်းတွေအပြင် လှုပ်ရှားမှုမျိုးစုံနဲ့ ဂုဏ်ပြုဆန္ဒထုတ်ဖော်ပေးမှုတွေကို နေရာအနှံအပြားမှာ ညီညီညွတ်ညွတ်ပြုလုပ်လျက်ရှိတာကိုတွေ့မြင်ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့အပြင် ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေအတွက် အားလုံးက မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းခဲ့ကြသလို ကျန်ရစ်သူမိသားစုတွေအတွက်လည်း အလှူငွေများလှူဒါန်းပေးကာ ပြန်လည်ကြည့်ရှုပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ပြည်သူတွေဟာ ဒီလိုအပစ်အခတ်တွေကို နေရာအနှံအပြားမှာ နေ့စဉ်တိုင်း ရင်ဆိုင်နေရပေမယ့်လည်း လက်မလျော့ကြဘဲ ယုံကြည်ချက်ပန်းတိုင်တစ်ကိုရဖို့ ရရာနေရာကနေ ကြိုးပမ်းနေကြဆဲပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ခုလို သင်္ကြန်ပွဲတော်ရက်မှာလည်း လူငယ်တွေဟာ ရေဆော့ကစားခြင်းမပြုလုပ်ဘဲ ဆန္ဒထုတ်ဖော်မှုတွေကိုပဲ မိမိတို့ရဲ့မြို့နယ်တွေမှာ နည်းမျိူးစုံနဲ့ ပြုလုပ်နေကြတာတွေ့ရပါတယ်။ခုလည်း ကြည့်မြင်တိုင်ကလူငယ်တွေစုပေါင်းပြီး သွေးမတိတ် ပျောက်ကျားသင်္ကြန်သပိတ်ကြီးကို လှုပ်ရှားခဲ့ကြတာတွေ့ရပါတယ်။ဖြိုခွင်းခံရမှုတွေရှိနေပေမယ့်လည်း အဖမ်းအဆီးမရှိ အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့လည်းရေးသားထားတာတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် ကြည့်မြင်တိုင်က သူရဲကောင်းတွေရဲ့ လှုပ်ရှားမှုပုံလေးတွေကို မျှဝေပေးလိုက်ပါရစေ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Source &Photo Credit: Original Uploder
Source &Photo Credit: Original Uploder
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T