စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေအတွက် ရပ်ကွက်ထဲပတ်ပြီး ထမင်း၊ဟင်းတွေလိုက်ဝေပေးခဲ့တဲ့ ကိုရင်လေးတွေအကြောင်း

//s9.kh1.co/71/71d0b4aa5b50da51735eb5fcb686b5b877313adb.jpg
နေ့စဉ်သတင်းများ

 ၃၀-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေအတွက် ရပ်ကွက်ထဲပတ်ပြီး ထမင်း၊ဟင်းတွေလိုက်ဝေပေးခဲ့တဲ့ ကိုရင်လေးတွေအကြောင်း

မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေကတော့ ယနေ့အချိန်အထိတိုင်အောင် သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို နည်းလမ်းမျိုးစုံနဲ့ ဖော်ထုတ်ပြသနေကြတာပဲ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုတွေကလည်း ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး ပြည်သူတွေကလည်း ဇွဲမလျှော့ဘဲ ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ တစ်ဖက်မှာဆိုရင်လည်း ပြည်သူတွေက စားဝတ်နေရေး၊အလုပ်အကိုင်တွေနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေကို ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV

တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်းနဲ့ ရှေ့ဆက်နေကြတဲ့ ပြည်သူတွေကတော့ မရှိတဲ့သူကို ရှိတဲ့သူက တတ်နိုင်သလောက် အားဖြည့်ပေးနေရတာပဲ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ယောက်က သူကိုယ်တိုင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြထားတာ ဖြစ်ပါတယ် ။ ဒီဖြစ်ရပ်ကတော့ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ကိုရင်ငယ်လေးတွေက ထမင်း၊ဟင်းတွေ လိုက်ဝေပေးခဲ့တဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo Credit-Original Uploader
Photo Credit-Original Uploader

ဘုန်းကြီးကျောင်းတစ်ကျောင်းက ကိုရင်ငယ်လေးတွေကတော့ လက်တွန်းလှည်းပေါ်မှာ ထမင်း၊ဟင်းတွေတင်ပြီး ရပ်ကွက်ထဲက ပြည်သူတွေအတွက် ဝေငှပေးခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း ကိုရင်ငယ်လေးတွေ လာလှူတဲ့ ထမင်း၊ဟင်းတွေကို အိတ်လေးတွေကိုယ်စီနဲ့ ထွက်ယူခဲ့ကြတာ ဖြစ်ပါတယ် ။ အဆင်ပြေတဲ့အိမ်တွေက လောင်းလှူလိုက်တဲ့ဆွမ်းကို အဆင်မပြေတဲ့ပြည်သူတွေအတွက် ပြန်လှူပေးခဲ့တဲ့ ကိုရင်ငယ်လေးတွေရဲ့လုပ်ရပ်ကတော့ သာဓုခေါ်ချင်စရာကောင်းလှတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T