ကျည်ထိသွားတဲ့သူကို ဒိုင်းလေးကာပြီး တစ်ယောက်တည်းတက်ဆွဲတဲ့အချိန်မှာ သူပါကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတစ်ဦး

//s9.kh1.co/45/450fc371ee6c798c5f15af05f8ce9de7698fb6d1.jpeg
နေ့စဉ်သတင်းများ

 ၂၈-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျည်ထိသွားတဲ့သူကို ဒိုင်းလေးကာပြီး တစ်ယောက်တည်းတက်ဆွဲတဲ့အချိန်မှာ သူပါကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတစ်ဦး

ပြည်သူလူထုကတော့ အရေးပေါ်အခြေအနေနဲ့ကြုံနေခဲ့ရင်တောင် အချင်းချင်းကာကွယ်စောင့်ရှောက်ပေးနေကြတာ ဖြစ်ပါတယ်။ပြည်သူတွေက ရက်ပေါင်း(၅၀)ကျော်ကြာမြင့်နေပြီဖြစ်တဲ့ ဒီအခြေအနေကို စည်းစည်းလုံးလုံးနဲ့ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။လူငယ်တွေရဲ့စိတ်အားထက်သန်မှုနဲ့ တီထွင်ကြံဆနိုင်မှုတွေကလည်း ချီးကျူးစရာကောင်းလောက်အောင် အရမ်းတော်ကြပါတယ်။ဒါ့အပြင်လည်း မိမိအသက်ကိုပဓာနမထားဘဲ အသက်ပေးကာကွယ်နေကြတဲ့သူရဲကောင်းတွေကို ပြည်သူလူထုက လေးစားနေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုအချင်းချင်းက မိမိရဲ့သွေးရင်းသားရင်းလိုမျိုး သက်မှတ်ထားကြပြီး အပြန်အလှန်ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်တော့ မြို့နယ်အသီးသီးမှာ ပြုလုပ်ကြတဲ့ လူထုလှုပ်ရှားမှုတွေကို ဖြိုခွင်းခံရလို့ ကျဆုံးသူအရေအတွက်လည်း အများအပြားရှိခဲ့ပါတယ်။မိတ္ထီလာမြို့မှာဆိုရင်တော့ ကျည်ထိသွားတဲ့သူကို သူရဲကောင်းတစ်ဦးက ဒိုင်းလေးကာပြီး တစ်ယောက်တည်းတက်ဆွဲတဲ့အချိန်မှာ သူပါကျည်ထိမှန်ပြီးကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သတ္တိအပြည့်နဲ့ ကျည်ဆံတွေကြားထဲကနေ တက်ဆွဲရဲတဲ့ သူရဲကောင်းရဲ့ လက်မှာတော့ “စနေရဲ့ဘဝ”ဆိုပြီး တက်တူးရေးထိုးထားတာဖြစ်ပါတယ်။စနေနေ့မှာပဲ ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းကို ပြည်သူတွေကလည်း လေးစားပြီးဦးညွှတ်ဂါရဝပြုနေကြတာဖြစ်ပါတယ်။မိမိရဲ့အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ရဲစွမ်းသတ္တိအပြည့်ရှိတဲ့သူရဲကောင်းတစ်ဦးကတော့ အများအကျိုးကိုသယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားခဲ့ရတဲ့ပုံရိပ်တွေကိုဝမ်းနည်းကြေကွဲစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T