အန္တရာယ်တွေကြားကနေ ဆိုင်ကယ်နဲ့ မရမကသွားပြီး ကျည်ထိနေတဲ့လူနာကို ကူညီကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းများ

//s9.kh1.co/93/93c6189308e4faa1fe8657c4bf655b760faa61ec.jpg
နေ့စဉ်သတင်းများ

 ၂၇-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အန္တရာယ်တွေကြားကနေ ဆိုင်ကယ်နဲ့ မရမကသွားပြီး ကျည်ထိနေတဲ့လူနာကို ကူညီကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းများ

အခုချိန်မှာတော့ ပြည်သူတွေက သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ဆက်လက်ထုတ်ဖော်နေဆဲဖြစ်သလို မြန်မာနိုင်ငံအနှံ့အပြားမှာလည်း သေဆုံးမှုတွေ တစ်နေ့တခြား မြင့်တက်နေတာ ဖြစ်ပါတယ် ။ အသက်ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတွေအတွက် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေအပါအဝင် အားလုံးက ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ ဒဏ်ရာရရှိတဲ့ ပြည်သူတွေကိုလည်း ဆေးအဖွဲ့က တတ်နိုင်သလောက် ကုသကယ်တင်ပေးသလို ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ခက်ခက်ခဲခဲ ကူညီပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Min Wai Yan Aung's FB Acc
Photo Credit-Min Wai Yan Aung's FB Acc

ပြီးခဲ့တဲ့ မတ်လ (၂၁) ရက်နေ့ကလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က လူနာတစ်ယောက်ကို အန္တရာယ်ကြားကနေ ဆိုင်ကယ်နဲ့ရအောင် ကယ်တင်ခဲ့တာ ဖြစ်ပါတယ် ။ ကျည်ထိမှန်ထားတဲ့ ရဟန်းတစ်ပါးကို စွန့်စွန့်စားစား သွားရောက်ကယ်ပေးခဲ့တဲ့ သူတို့အဖွဲ့ရဲ့လုပ်ရပ်ကို အားလုံးက ချီးကျူးနေကြတာ ဖြစ်ပါတယ် ။ သူတို့ရဲ့အသက်ကိုတောင် ပဓာနမထားဘဲ ပြည်သူတွေအသက်ရှင်ဖို့အတွက်သာ ဦးစားပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Min Wai Yan Aung's FB Acc
Photo Credit-Min Wai Yan Aung's FB Acc
Photo Credit-Min Wai Yan Aung's FB Acc
Photo Credit-Min Wai Yan Aung's FB Acc

နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးအဖွဲ့ရဲ့အကူအညီကြောင့် ဝမ်းဗိုက်ကျည်ထိမှန်ထားတဲ့လူနာကို ကုသရေးဆရာဝန်အဖွဲ့ထံ ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဖြိုခွင်းခံနေရတဲ့အချိန်မှာတောင် ဆိုင်ကယ်နဲ့မရမက သွားကယ်ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ပုံရိပ်တွေက တကယ့်ကို လေးစားချင်စရာကောင်းလှပါတယ်။ ဒီပုံတွေကို မျှဝေခဲ့တဲ့သူကလည်း မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အရေးကြုံရင် သူတို့ကိုဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ရန်အတွက် ဖုန်းနံပါတ်တွေကိုပါ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Min Wai Yan Aung's FB Acc

Photo Credit-Min Wai Yan Aung's FB Acc
Photo Credit-Min Wai Yan Aung's FB Acc
Photo Credit-Min Wai Yan Aung's FB Acc
Photo Credit-Min Wai Yan Aung's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T