ယခုလက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေကိုဆိုရင် မြို့နယ်အသီးသီးမှာရှိတဲ့ ပြည်သူလူထုက တက်ညီလက်ညီနဲ့ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ပြည်သူလူထုကတော့ တစ်လကျော်ကြာသွားသည့်တိုင်အောင် အခုအခြေအနေကို အားမလျော့ကြသေးဘဲ ဇွဲ၊လုံ့လ၊ဝီရိယတွေနဲ့ ရှေ့သို့ ဆက်လက်ချီတက်နေကြတာဖြစ်ပါတယ်။ဒီနေ့ခေတ်လူငယ်တွေရဲ့ ရဲစွမ်းသတ္တိနဲ့တီထွင်ကြံဆနိုင်မှုတွေကလည်း ချီးကျူးစရာကောင်းလောက်အောင် အရမ်းတော်ကြပါတယ်။ပြည်သူလူထုကတော့ လမ်းပေါ်ထွက်ရင် အသက်အန္တရာယ်ရှိမှန်း သိကြပေမယ့်လည်း မိမိတို့မှာရှိသလောက်ခွန်အားလေးတွေနဲ့သာ ရုန်းကန်နေကြရတာဖြစ်ပါတယ်။
အခုချိန်မှာဆိုရင် ပြည်သူလူထုက အရမ်းစည်းလုံးကြပြီး သွေးသားမတော်စပ်ကြပေမယ့် တစ်ယောက်အခက်အခဲကို တစ်ယောက်ကမျှဝေခံစားပေးကြတာဖြစ်ပါတယ်။တစ်သွေးတည်း၊တစ်သားတည်းရှိနေကြတဲ့ ပြည်သူတွေကတော့ အကူအညီလိုအပ်ရင်လည်း ချက်ချင်းပေးနိုင်ဖို့အတွက် အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။ရက်ပေါင်း(၅၀)ကြာမြင့်သွားပြီဖြစ်တဲ့ လက်ရှိအခြေအနေမှာဆိုရင် အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်းအများအပြားရှိနေပြီဖြစ်လို့ ပြည်သူတွေရဲ့ရင်ထဲမှာ ပိုပြီးနာကျင်ခံစားနေရတာပဲ ဖြစ်ပါတယ်။
လူငယ်တွေရဲ့အနာဂတ်အတွက် တချို့လူကြီးတွေကပါ ပါဝင်ကူညီပေးပြီး သူတို့ရဲ့အရင်ခေတ်တုန်းကအတွေ့အကြုံတွေကိုလည်း မျှဝေပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အသက်အရွယ်ကြီးရင့်နေကြပြီဖြစ်တဲ့ချင်းလူမျိုးအဘိုးနဲ့အဘွားက စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်နဲ့ လမ်းမပေါ်ထွက်လာကြတာဖြစ်ပါတယ်။တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး သတ္တိအပြည့်နဲ့လျှောက်လှမ်းနေကြတဲ့ ချင်းအဘိုးနဲ့အဘွားတို့ရဲ့ပုံရိပ်လေးကြောင့် ပြည်သူတွေကလည်း ပိုပြီးအားတက်သွားကြတာဖြစ်ပါတယ်။သွေးချင်းညီနောင်ဖွားတွေကလည်းတစ်တပ်တစ်အားပါဝင်အားဖြည့်ပေးနေကြတာကိုမြင်ပြီး ပီတိဖြစ်မိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder