ပိုကြမ်းတဲ့ Season 2 လာတော့မယ့် All of Us Are Dead

//s9.kh1.co/d0/d02751ddd1a41e6811440f4b1adea26628fee925.jpg
ဖျော်ဖြေရေးများ

 ၀၇-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

Netflix ဖက်က Cast Video နဲ့ပါကြေညာလိုက်တာဖြစ်ပါတယ်

၂၀၂၂ ခုနှစ် အစောပိုင်းကထွက်ရှိခဲ့တဲ့ ကိုရီးယားဇွန်ဘီဇာတ်လမ်းတွဲ All of Us Are Dead ကို Season 2 ထပ်ထုတ်ပေးတော့မယ်လို့ Netflix ဖက်ကအတည်ပြုလာပါတယ်။ခုတစ်ခေါက်တော့ ဒါရိုက်တာတွေဘာတွေက ထုတ်ပြောလာတာမျိုးမဟုတ်ပဲ Netflix က Cast Video တစ်ပုဒ်တင်ပြီး ပြောပြလာတာပါ။

All of Us Are Dead ဇာတ်ကောင်များ 
All of Us Are Dead ဇာတ်ကောင်များ 

All of Us are Dead ဇာတ်လမ်းတွဲဟာ ထွက်ထွက်ချင်းမှာပဲ အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ထွက်ပြီး ၇ ရက်အတွင်း အမေရိကန်ရဲ့ Netflix မှာနံပါတ် ၁ နေရာကိုရရှိခဲ့ပြီး နိုင်ငံပေါင်း ၉၁ နိုင်ငံအတွင်းမှာ ကြည့်ရှုသူအများဆုံး အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ဇာတ်လမ်းတွဲ ၁၀ ခုစာရင်းကိုဝင်ခဲ့ကာ အဲ့ဒီစာရင်းပေါ်မှာ နှစ်ပတ်ဆက်တိုက်နေရာယူနိုင်ခဲ့ပါတယ်။ထွက်ပြီး ၁၀ ရက်အတွင်းမှာ ကြည့်ရှုခံရချိန်နာရီပေါင်း ၃၆၁ သန်းကိုလည်းရရှိခဲ့ပါတယ်။

image via Netflix
image via Netflix

Season 1 ဟာစုစုပေါင်း ၁၂ ပိုင်းရှိပြီး ဖုတ်ကောင်တွေနဲ့ပြည့်နေတဲ့ ကျောင်းတစ်ကျောင်းထဲမှာ အသက်ရှင်နိုင်အောင် ရုန်းကန်ကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။Season 2 ဟာဘယ်အချိန်မှာထွက်မယ်၊ဘယ်လိုမျိုး ဇာတ်ကောင်အသစ်တွေပါလာမယ်၊ဘယ်လိုဇာတ်လမ်းမျိုးနဲ့လာမလဲဆိုတာတော့ မသိရပါဘူး။အရင်တုန်းကတော့ အင်တာဗျူးတစ်ခုမှာ ဒါရိုက်တာက Season 2 ဟာပိုကြမ်းမယ်လို့ ထုတ်ပြောထားပါတယ်။

Season 2 Cast Video
Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T