ဆယ်ကျော်သက် ကောင်မလေး တစ်ယောက် Snapchat ကတဆင့် မုဒိန်းကျင့်ခံရ

//s9.kh1.co/d0/d07a16d713bfa8d13fec5f3a8f8a8a3eb9f6d42e.jpg
နေ့စဉ်သတင်းများ

 ၀၆-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

တရားခံကို သက်ငယ်မုဒိန်းမှု နဲ့ ကာယိန္ဒြေ ပျက်စီးစေမှု စတဲ့ စွဲချက် နှစ်ခုနဲ့ တရားစွဲဆိုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်

အသက် 30 အရွယ် အမျိုးသားတစ်ဦးဟာ Snapchat မှာ သူနှင့်ဆက်နွှယ်နေတဲ့ အသက် 13 နှစ်အရွယ် မိန်းကလေးတဦးအား အဓမ္မပြုကျင့်မှုဖြင့် သောကြာနေ့က စွဲချက်တင်ခံခဲ့ရကြောင်း New York ခရိုင်ရှေ့နေရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ Andrew Ramsaroop ကို သက်ငယ်မုဒိန်းမှု နဲ့ ကလေးရဲ့ ကာယိန္ဒြေ ပျက်စီးစေမှု စတဲ့ စွဲချက် နှစ်ခုနဲ့ တရားစွဲဆိုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သုံးစွဲသူ သန်းတထောင်ကျော်ရှိတဲ့ Snapchat
သုံးစွဲသူ သန်းတထောင်ကျော်ရှိတဲ့ Snapchat

"တရားခံဟာ မုဒိန်းမှုကျူးလွန်ရန် ဆိုရှယ်မီဒီယာအက်ပ်ကို အသုံးပြုခဲ့ပြီး၊ ကျူးလွန်ခံရသူအမျိုးသမီးဟာ အသက် 13 နှစ်ပဲရှိပြီး အသက်မပြည့်သေးတာကို သူသိတယ်ဆိုပေမယ့် ဆက်ပြီးဆက်သွယ်နေခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ကို Suffolk ကောင်တီမှာ လူချင်းတွေ့ဖို့ စည်းရုံးခဲ့ပါတယ်။” လို့ Suffolk ကောင်တီ ရဲတပ်ဖွဲ့မှ Raymond A. Tierney က ပြောထားပါတယ်။ " Ramsaroop ဟာ မေလအတွင်း Snapchat မှတစ်ဆင့် ဆယ်ကျော်သက်ကောင်မလေးနဲ့ ဆက်ဆံရေးစတင်ခဲ့တယ်လို့ Suffolk ကောင်တီရဲဌာနမှ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပြီး တွေ့ဆုံချိန်မှာ နှကြိမ်ခန့်အဓမ္မပြုကျင့်ခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/80/807fd874c11792c19be75257480cac4cfce16263.webp

မေလ 13 ရက်နေ့က Ramsaroop ဟာ ဆယ်ကျော်သက် ကောင်မလေးနဲ့ ကုန်တိုက်တစ်ခုမှာ တွေ့ခဲ့ပြီး သူမနဲ့ သူမရဲ့သူငယ်ချင်းကို သူ့ရဲ့ကားထဲကိုဝင်ရန် တွန်းအားပေးခဲ့တယ်လို့ Suffolk ကောင်တီရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Ramsaroop ဟာ New York ရှိ ကစားကွင်းတစ်ခုမှာ အသက် 13 နှစ်အရွယ် ကောင်မလေးကို မုဒိမ်းကျင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဓမ္မပြုကျင့်ခံရသူဟာ ကျောင်းတာဝန်ရှိသူမှတဆင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး တရားခံကို မေလ 20 ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ကြာသပတေးနေ့မှာ ခရိုင်တရား ရုံးမှာ စွဲချက်တင်ထားပါတယ်။ အခုကိစ္စနဲ့ပတ်သတ်ပြီး Snapchat ကို ဆက်သွယ်ထားပေမယ့် တစ်စုံတရာ မှတ်ချက်ပေး တာမရှိသေးပါဘူး။

Photo-credit

သတင်း အရင်းအမြစ် CNN

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T