ဂျာမန်ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Mercedes-Benz ဟာ သူတို့ရဲ့ ဘရိတ်စနစ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများကြောင့် ကမ္ဘာတစ်ဝှမ်းမှ ကားပေါင်း ၁ သန်းနီးပါးကို ပြန်လည်သိမ်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က သူတို့ရဲ့ ကားတွေမှာ သံချေးတက်ခြင်းလိုမျိုး ဘရိတ်ပြဿနာများကြောင့် ယာဉ်ပိုင်ရှင်များကို ဆက်သွယ်သွားမှာ ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ပြောကြားခဲ့ပါတယ်။

ပြန်လည်သိမ်းဆည်းမှုမှာ ဂျာမနီမှာ ကားအစီး ၇၀,၀၀၀ အပါအဝင် စုစုပေါင်း မော်တော်ယာဉ် ၉၉၃,၄၀၇ စီးပါဝင်ပါတယ်။ မာစီးဒီး ဟာ သူတို့ရဲ့ အရေးပေါ်ခေါ်ဆိုမှုစနစ်မှာ လုံခြုံရေးပြဿနာတစ်ခု တက်ခဲ့တာကြောင့် ယမန်နှစ်ကလည်း အလားတူကားတွေကို ပြန်လည်သိမ်းဆည်းခဲ့ရပါတယ်။ ပြန်လည်သိမ်းဆည်းမယ့် မော်တော်ယာဉ်များဟာ 2004 ခုနှစ်မှ 2015 ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ကားတွေဖြစ်ပြီး၊ ML နဲ့ GL စီးရီး SUV များအပါအဝင် R-Class ဇိမ်ခံမီနီဗန်များပါ ပါဝင်ကြောင်း ကုမ္ပဏီဘက်မှ အတည်ပြုခဲ့ပါတယ်။

"အဲဒီကားတွေထဲက အချို့မှာ ဘရိတ်ရဲ့ လုပ်ဆောင်ချက်ကို သံချေးတက်ခြင်း တမျိုးကြောင့် ထိခိုက်နိုင်တယ်ဆိုတာကို တွေ့ရှိထားပါတယ်" လို့ Mercedes က စနေနေ့တွင် ထုတ်ပြန်ခဲ့ပြီး "အထူးသဖြင့် အလွယ်တကူ နဲ့ ဘရိတ်မမိတာကြောင့်၊ အားစိုက်နင်းရပြီး စက်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေနိုင်တယ်" လို့ ပြောထားပါတယ်။ "အလွန်ရှားပါးတဲ့ အခြေအနေမျိုးမှာ၊ ဆားဗစ်ဘရိတ်ကနေ ယာဉ်ကို အရှိန်လျှော့ဖို့ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ယာဉ်တိုက်မှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရမှု ဖြစ်နိုင်ခြေ ပိုများလာမှာပါ" ဟု သူက ဆက်ပြီးပြောပါတယ်။

မာစီးဒီး ဘက်က ပြန်လည်သိမ်းဆည်းခြင်းအား ချက်ချင်းစတင်နေပြီး အဆိုပါလုပ်ငန်းစဉ်မှာ ချို့ယွင်းနိုင်ခြေရှိတဲ့ ယာဉ်များကို စစ်ဆေးခြင်းနှင့် လိုအပ်ပါက အစိတ်အပိုင်းများ အစားထိုးခြင်းများ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကုမ္ပဏီဟာ မတော်တဆမှုတစ်ခုအတွင်း ယာဉ်ရဲ့တည်နေရာကို အရေးပေါ်ဌာနကို သတင်းပို့ပေးတဲ့ ၎င်းရဲ့ "eCall" စနစ် ချို့ယွင်းချက်ကြောင့် ကားအစီးရေ 1 သန်းကျော်ကို ပြန်လည်သိမ်းဆည်းခဲ့ရပါသေးတယ်။
Photo-credit
သတင်း အရင်းအမြစ်៖ BBC News