ပိန်းကြာရွက်ပေါ် ရေမတင်သလို ကင်ဆာကို လုံးဝပျောက်အောင် ကုနိုင်ပြီ

//s9.kh1.co/cd/cd88e5c9ddbe7e97522fbcd320031b9ede82b686.jpg
နေ့စဉ်သတင်းများ

 ၀၆-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကင်ဆာလူနာ ၁၈ ဦးကို တူညီတဲ့ဆေးများ သောက်သုံးစေခဲ့ပြီး စမ်းသပ်ခံ လူနာများမှာ ကင်ဆာလုံးဝပျောက်ကင်းခဲ့ကာ အံ့မခန်း ရလဒ်များရခဲ့ကြပါတယ်

အသေးစား စမ်းသပ်မှုတစ်ခုအတွင်း၊ စအိုကင်ဆာလူနာ ၁၈ ဦးကို တူညီတဲ့ဆေးများ သောက်သုံးစေခဲ့ပြီး စမ်းသပ်ခံ လူနာများမှာ ကင်ဆာလုံးဝပျောက်ကင်းခဲ့ကာ အံ့မခန်း ရလဒ်များရခဲ့ကြပါတယ်။ Memorial Sloan Kettering Cancer Center မှ ဒေါက်တာ Luis A. Diaz Jr. ဟာ ဆေးကုမ္ပဏီ GlaxoSmithKline မှ ကမကထပြုလုပ်တဲ့ အဆိုပါစမ်းသပ်မှုအတွင်း ရလဒ်များက ကင်ဆာကို လုံးဝ ချေဖျက်ပေးကြောင်း သိခဲ့ရပါပြီး “ဒါဟာ ကင်ဆာသမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့တာလို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ဒေါက်တာ Diaz က ပြောကြားခဲ့ပါတယ်။ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကို တက္ကသိုလ်မှ အူမကြီးကင်ဆာ အထူးကု ဒေါက်တာ Alan P. Venook ကလည်း ဒါဟာ ပထမအကြိမ်ဆုံး လို့ ထင်ကြောင်းနဲ့ ကင်ဆာဝေဒနာရှင် တဦးမှာ ကင်ဆာလုံးဝပျောက်သွားတယ်ဆိုတာ “မကြားဘူး” ကြောင်း ပြောကြားခဲ့ပါတယ်။

ကင်ဆာဆဲလ်တစ်ခု
ကင်ဆာဆဲလ်တစ်ခု

ကင်ဆာရောဂါ ဝေဒနာရှင်များဟာ အရင်က ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ခွဲစိတ်ကုသမှုတို့လို အသက်အန္တရာယ်ရှိတဲ့ ကုသမှုများနဲ့ ကုသနေရပြီး ကုသပြီးတဲ့ အခါမှာလည်း သူတို့ရဲ့ ကင်ဆာအကျိတ်များ လုံးဝ ပျောက်ကွယ်သွားခြင်းမရှိဘဲ ‌ရေရှည်ကုသနေရပါတယ်။ ဒါပေမယ့် အခုကတော့ အံ့သြစရာကောင်းပြီး နောက်ထပ်ကုသမှု လုံးဝလုပ်စရာမလိုတော့ပါဘူး၊ “ပျော်လွန်းလို့ မျက်ရည်တွေ အများကြီးကျခဲ့တယ်” လို့ Memorial Sloan Kettering Cancer Center မှ ကင်ဆာရောဂါဗေဒပညာရှင် ဒေါက်တာ Andrea Cercek က တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သည့် American Society of Clinical Oncology ၏ နှစ်ပတ်လည် အစည်းအဝေးမှာပြောခဲ့ပါတယ်။ ဒေါက်တာ Venook က နောက်ထပ် အံ့အားသင့်စရာအချက်မှာ လူနာများမှာ သိသာထင်ရှားတဲ့ နောက်ဆက်တွဲပြဿနာများ မရှိခြင်းပင် ဖြစ်ပါတယ်။

ဓာတ်ရောင်ချည် ကုထုံး
ဓာတ်ရောင်ချည် ကုထုံး

ဆေးကို ခြောက်လလျှင် သုံးပတ်တစ်ကြိမ် ပေးရပြီး ဒေါ်လာ ၁၁၀၀၀ ခန့် ကျသင့်ပါတယ်။ ဆေးက ကင်ဆာဆဲလ်များကို ဖုံးထားမပေးပဲ ခုခံအားစနစ်ကို သူ့ဖာသာ ဖော်ထုတ် ဖျက်ဆီးစေပါတယ်။ ပျမ်းမျှအားဖြင့် လူနာငါးဦးမှာ တစ်ဦးလောက်သာ ဆေးဝါးများအပေါ် ဆိုးရွားတဲ့ တုံ့ပြန်မှုမျိုးရှိပြီး ဆေးရဲ့ဆိုးကျိုးများကို အလွယ်တကူ ကုသပျောက်ကင်းနိုင်ကာ checkpoint inhibitors သောက်သုံးတဲ့ လူနာများရဲ့ 3 ရာခိုင်နှုန်းမှ 5 ရာခိုင်နှုန်းလောက်သာ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာများ ရရှိနိုင်ပါတယ်။ နှစ်နှစ်ကြာ စမ်းသပ်မှုအတွင်း အကျိတ်များဟာ လူနာရဲ့ သုံးပုံတစ်ပုံမှ တစ်ဝက်ခန့်တွင် ကျုံ့သွားပြီး၊ ငြိမ်သွားကာ အသက်ပိုပြီးရှည်စေပါတယ်။

ကင်ဆာကို ဆေးသောက်တာနဲ့ပျောက်ပြီ
ကင်ဆာကို ဆေးသောက်တာနဲ့ပျောက်ပြီ

စမ်းသပ်မှုမှာ ပါဝင်သူများရဲ့ 10 ရာခိုင်နှုန်းကတော့ အကျိတ်များ လုံးဝ ပျောက်သွားခဲ့ပါတယ်။  အဲ့ဒါကြောင့် ဒေါက်တာ Cercek နဲ့ Dr. Diaz တို့က ကင်ဆာရောဂါ မပြန့်ပွားခင်မှာ ဆေးကို စောစောသုံးနိုင်လားဆိုတာ လေ့လာနေကြပါတယ်။ ဟားဗတ်တက္ကသိုလ် မှ အူမကြီးကင်ဆာ ကျွမ်းကျင်သူ ဒေါက်တာ Kimmie Ng က ရလဒ်များဟာ အံ့သြဖွယ်ရာကောင်းပြီး၊ မကြုံစဖူး ဖြစ်ပေမယ့်လည်း သေချာစေဖို့ စမ်းသပ်မှုတွေပိုလုပ်ဖို့ လိုသေးကြောင်း ပြောကြားထားပါတယ်။

Photo-credit

သတင်း အရင်းအမြစ် The New York Times

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T