ယူကရိန်း နှင့် ရုရှား ကျူးကျော် စစ်ပွဲကြီးရဲ့ အကျိုးရလဒ်ကြောင့် နိုင်ငံတကာမှာ စက်သုံးလောင်စာဆီစျေးနှုန်းများ အဆမတန်မြင့်တက် ခဲ့တာကို အားလုံးလည်း သိကြမှာပါ။ ဒီလို လောင်စာဆီစျေးနှုန်းများ မြင့်တက်မှုကြောင့် ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးကတော့ လောင်စာဆီထည့်ရတဲ့ စက်ယန္တရားကို မသုံးတော့ဘဲ အိမ်မွေး ကျွဲတစ်ကောင်ကိုသာ သွားလာရေးအတွက် အသုံးပြုနေကြောင်း ဒေသသတင်းအရစ်တချို့ကို ဖော်ပြလာတာ တွေ့ရပါတယ်။

လောင်စာဆီစျေးနှုန်းများ ဘယ်လောက်ထိတက်တက် မစိုးရိမ်တဲ့ နခွန်ရာချာ ဆီမာက ထိုင်းအမျိုးသားတစ်ဦးဟာ ဘယ်သွားသွား သူ့ရဲ့ ကျွဲကြီးကို ခွစီးပြီး အဆင်ပြေပြေနဲ့သွားလာနေတာကို လူအများက စိတ်ဝင်စားပြီး အတော်လေးကို သဘောကျနေခဲ့ရပါတယ်။ တိရစ္ဆာန်တစ်ကောင်ကို အသုံးပြုနေရတာ သူ့အတွက်လည်း အဖော်ရသလို ဆီဈေးကြီးလည်း ဂရုစိုက်စရာမလိုတော့ဘူးလို့ ဆိုပါတယ်။

သူ့ရဲ့ လူမှုကွန်ယက်မှာလည်း “ ဒီကာလ မှာ ဆီဈေးကြီးတော့ ကျွန်တော့ ကျွဲကြီးကိုပဲ အားကိုးရတော့မယ်” ဆိုကာ ကျွဲစီးပြီး သွားလာနေတဲ့ ပုံတွေကို ဖေ့ဘွတ်ပေါ် မျှဝေခဲ့တာကြောင့် ထိုင်းပြည်သူတွေကြားမှာ အတော်လေးကို ရေပန်းစားခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ကျွဲကောင်းတစ်ကောင်ရဲ့ ပေါက်စျေးဟာ မြန်မာငွေနဲ့ဆို ထောင်ချီးထိရှိတယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်៖ Source - ဘန်ကောက်လမ်းညွန်ကိုစိုင်း





