အင်္ဂါနေ့က ဖလော်ရီဒါပြည်နယ် က မိကျောင်းနေထိုင်ရာနေရာအဖြစ် သတ်မှတ်ထားတဲ့ ရေကန်တစ်ခုမှာ လက်မောင်းများ စုတ်ပြဲနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး အာဏာပိုင်များက 2019 ခုနှစ်နောက်ပိုင်း ပြည်နယ်ရဲ့ ပထမဆုံးသော မိကျောင်းတိုက်ခိုက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဖလော်ရီဒါရှိ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အရာရှိများကတော့ ရေကန်တစ်ခုအတွင်း ဂေါက်သီး ဆင်းရှာနေတဲ့ ဂေါက်ရိုက်သမားတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့

သံသယရှိတဲ့ မိကျောင်းတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစီရင်ခံစာတစ်ရပ်အရ သိရပါတယ်။ အမည်မဖော်ရသေးတဲ့ အလောင်းကို လာဂိုမြို့ တေလာရေကန်မှာ အင်္ဂါနေ့က မျောပါနေတာကို တွေ့ရှိခဲ့ပြီး သူ့ပတ်ဝန်းကျင်က ပန်းခြံကတော့ ဂေါက်သီးကစား သူများကြားမှာ ရေပန်းစားပါတယ်။ ဖလော်ရီဒါ ငါးနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ကော်မရှင်က မိကျောင်း တစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း နောက်ပိုင်းတွင် အတည်ပြုခဲ့ပြီး မိကျောင်းထောင်ချောက်များကို John S. Taylor Park သို့ ပို့ဆောင်ခဲ့ပြီး လူသေဆုံးစေခဲ့တဲ့ မိကျောင်းအား နာရီပေါင်းများစွာကြာအောင် ရှာဖွေခဲ့ကြပါတယ်။

ညနေ ၅ နာရီခန့်မှာတော့ မိကျောင်းကြီး တစ်ကောင်ကို ရေကန်ထဲမှာ တွေ့ရှိခဲ့ပါတယ်။ ဒေသတွင်း သတင်း ဌာနမှ ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုမှာတော့ ၁၀ပေ လောက်ရှိတဲ့ မိကျောင်းကြီးတကောင်ကို ထောင်ချောက်မှာမိခဲ့ပြီး ပါးစပ်ကို တိပ်များဖြင့် ပတ်ကာ ခဏအကြာမှာတော့ သတ်ပစ်ခဲ့ပါတယ်။

Largos ရဲတပ်ဖွဲ့က အင်္ဂါနေ့က အဖြစ်အပျက် ဖြစ်ပြီးနောက် ရေကန်ထဲကို မည်သည့်အကြောင်းကြောင့်မျှ မဆင်းရန် နဲ့ မိကျောင်းတွေကို အစာမကျွေးရန် ထပ်မံသတိပေးခဲ့ပါတယ်။ 2020 ခုနှစ်ကလည်း အမျိုးသားတစ်ဦးဟာ ဂေါက်ရိုက်စဥ် ဂေါက်သီးကောက်ရန် ခါးလောက် နက်တဲ့ရေကန်ထဲ ဆင်းသွားပြီးနောက် မိကျောင်းတစ်ကောင် ကိုက်ခံခဲ့ရတဲ့ အလားတူဖြစ်စဥ်မျိုးရှိခဲ့ဖူးပါတယ်။
Photo-credit
သတင်း အရင်းအမြစ်៖ The Guardian





