ဘာမှမဟုတ်တဲ့ ကိစ္စကြောင့်နဲ့ အမေကိုသတ်ပြီး သွေးသောက်ခဲ့တဲ့ သားဆိုးသားမိုက်

//s9.kh1.co/1b/1b2b97a9afe0927fe11a4cca94231304d30ae2dc.jpg
နေ့စဉ်သတင်းများ

 ၃၁-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

အဲ့ဒီအကြောင်းအရာလောက်နဲ့တော့ အမေကို မသတ်သင့်ပါဘူး......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

'သွေးစုပ်ဖုတ်ကောင်လူသတ်သမား' ဟာ သူ့အမေက ပိုက်ဆံတောင်းတာမပေးလို့ ဓားဖြင့်ထိုးကာ သွေးသောက်ခဲ့ကြောင်း သိရှိရပါတယ်။ Thabang Mosoane 24 နှစ်ဟာ 53 နှစ်အရွယ် Kedisaletse Elizbeth Moswane ရဲ့အသက်ကိုသတ်ပြီး‌နောက် တရားစွဲဆိုခံရပြီး အပြစ်ရှိကြောင်းဝန်ခံခဲ့ပါတယ်။ တောင်အာဖရိက အနောက်မြောက်ပြည်နယ်၊ Koster မြို့ရှိ မိသားစုနေအိမ်တွင် အမွှာအစ်ကိုဖြစ်သူဟာ မိခင်ရဲ့သွေးကို သောက်ပြီး ညီငယ်ကို ကြည့်‌နေပြီးနောက် ဖမ်းဆီးခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/99/99703e15474e231e841a42e1883be03519f27c7b.jpg

ရဲများရောက်ရှိချိန်တွင် Kedisaletse (ကေဒီဆလက်) ရဲ့ ခန္ဓာကိုယ်ဟာ အိပ်ယာပေါ်မှာ ဓါးဒဏ်ရာများစွာဖြင့် လဲနေတာ‌ကိုတွေ့ရှိပြီး သူမရဲ့သားကိုတော့ သူမရဲ့ သွေးများဖြင့် ဖုံးလွမ်းနေတာကို တွေ့ရှိခဲ့ကြပါတယ်။ Mosoane ဟာ လည်ပင်း ဓားဒဏ်ရာမှ သွေးစုပ်ဖုတ်ကောင်ပုံစံဖြင့် သူ့မိခင်ရဲ့သွေးကို သောက်ခဲ့တယ်လို့ သိရှိရပါတယ်။ အကြောင်းမှာ အမေဖြစ်သူက ဆေးခြောက်ဝယ်ဖို့ ပိုက်ဆံမပေးတာကြောင့် ခုလိုပြုလုပ်ခဲ့ရခြင်း ဖြစ်ပါတယ်။ မကောင်းဆိုးဝါးဟာ တနင်္လာနေ့၊ မေလ 30 ရက်နေ့တွင် "ကျွန်တော် အပြစ်ရှိကြောင်း ဝန်ခံပြီး ဒီကိစ္စကို အပြီးသတ်ချင်ပါတယ်" လို့ တရားရုံးသို့ ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=410,q=100/6f/6f9177b03a3ea28e7f87ddb7c588337fca972bdc.webp

တရားရုံးအပြင်ဘက်တွင် အဒေါ်ဖြစ်သူနှစ်ဦးဟာ သူတို့ရဲ့တူကို "တိုင်းပြည်တွင် အဆိုးရွားဆုံးအပြစ်များကျူးလွန်ခြင်း" ဖြင့် တစ်သက်တစ်ကျွန်းအကျဉ်းချထားရန် တောင်းဆိုခဲ့ပါတယ်။ အဒေါ် Naomi Mosoane က " သူက သူ့အမေကိုသတ်ပြီး သူမသွေးကို သောက်ခဲ့တဲ့သူပါ။ တရားရုံးက သူ့ကို အာမခံပေးဖို့တောင် မကြိုးစားသင့်ဘူး။ သူ ထောင်ထဲမှာ အကြာကြီးနေရမယ်။ " မိသားစုက “ သူ့ကို ငါတို့ဘဝထဲ ပြန်တွေ့ဖို့ မမျှော်လင့်ပါဘူး ” လို့ Naomi က ဆက်ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=923,q=100/3e/3ee8c8e7411e46b5e5a6f6fd307a67ef84c6e054.jpg

လူသတ်သမားရဲ့ အခြားအဒေါ်ဖြစ်သူ Bertha Motshabi က "သူ့လက်ကြောင့် ငါ့ညီမ အသက်ပြန်ရှင်လာမှာ မဟုတ်ဘူး။ သူက ပြဿနာရှိတဲ့ ကလေးပဲ" လို့ပြောခဲ့ပါတယ်။ သွေးသောက်သူရဲ့ အမြွှာညီလို့ သိရတဲ့ သာဘိုဟာ “Mosoane ရဲ့ တောင်းပန်မှုကို ဘယ်သောအခါမှ လက်ခံမည်မဟုတ်ကြောင်း ကတိပြုခဲ့ပါတယ်” လို့ အဒေါ်ဖြစ်သူ Bertha က ပြောကြားခဲ့ပါတယ်။ ကေဒီဆလက်ဟာ အရွယ်ရောက်ပြီးဖြစ်တဲ့ သား Bareng ၊ Buti နှင့် သမီး Baung တို့ကို ထားရစ်ခဲ့ပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=514,h=340,q=100/13/132a2192697255d869a80effaa49e13f19ec5a06.webp

သတင်း အရင်းအမြစ် Daily Star

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T