သတိထားသင့်တဲ့ လောက်ကိုင် နှင့် မြဝတီ မှ တရားမဝင် အလုပ်ခေါ်ဆိုမှုများ

//s9.kh1.co/94/94cb7394a4cad578da4f6fa14cfd85e403fb4d0f.jpg
နေ့စဉ်သတင်းများ

 ၃၁-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အလုပ်ချိန်မှာ အိပ်ငိုက်မိရင်တောင် ကျင်စက် နဲ့ တို့ခံရတဲ့အထိ နှိပ်စက်ခံရတဲ့......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ခုတလောမှာ အလုပ်အကိုင် နဲ့ ပတ်သက်တဲ့ Facebook Group တွေထဲမှာ လောက်ကိုင် နဲ့ မြဝတီ တို့ဘက်မှ တက်လာတဲ့ အလုပ်ခေါ်စာများတွေ့ရပြီး အဆိုပါအလုပ်ခေါ်စာများမှာ အလုပ်ရေရေရာရာမရှိပဲ တစ်လကို လစာ (၁၂)သိန်း မှ သိန်း (၂၀) အထိပေးတာမို့ အင်မတန်လူစိတ်ဝင်စားမှုများနေကြပါတယ်။ သိပ်မကြာသေးခင်ကပဲ ထိုအလုပ်ခေါ်စာရဲ့ တကယ့် အစစ်အမှန်က ဘာလဲဆိုတာ Facebook လူမှုကွန်ယက်ပေါ်မှာ ဘူးပေါ်သလိုပေါ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=425,q=100/98/988e9e78faa971a32ff5a8e458b34dc45daa3f32.jpg

၎င်း အလုပ်ခေါ်စာ ရဲ့ အလုပ် ခေါ်တဲ့ပုံစံက Online Game , Customer Service, online marketing အစရှိတဲ့ ရာထူးတွေနဲ့ ခေါ်အလုပ်ခေါ်ဆိုပြီး သူ့ရဲ့ အလုပ်အတွက်လိုအပ်ချက်တွေက English 4 skill ကျွမ်းရပြီး computer ပိုင်းကို အတော်အသင့်တတ်ကျွမ်းရမယ် လို့ ဆိုကာ ခေါ်ဆိုထားတာဖြစ်ပါတယ်။ လစာကိုလည်း နေစရိတ် နှင့် စားစရိတ် အပြီးအစီး ကို (၁၂) သိန်း မှ သိန်း (၂၀) ဝန်းကျင်အထိ ပေးကြတာဖြစ်ပြီး တကယ်လုပ်ရတဲ့အလုပ်ကတော့ Whats App လို့ ခေါ်တဲ့ Application ကို အသုံးပြုကာ နိုင်ငံခြားသားတွေဆီက လိမ်ရတာဖြစ်တယ် လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

၎င်း အလုပ်ဟာ ပထမဦးစွာ မိန်းကလေးအယောင်ဆောင်ပြီး နိုင်ငံခြားသားတွေကို ရင်းနှီးအောင် ပြုလုပ်ပြီးမှ သူတို့ကို ရင်းနှီးမြှုပ်နှံဖို့ခေါ်ပြီး လိမ်ရတာဖြစ်ပါတယ်။ ဒီလိုလိမ်ရတဲ့နေရာမှာလည်း တန်းမလိမ်ပဲ ပထမ(၁)ကြိမ်မှ (၂)ကြိမ်အထိ အတိုးနှုန်းထားများပေးထားပြီး နောက်ဆုံး တစ်ဖက်လူက ယုံကြည်ပြီး အများကြီး ငွေလွှဲ ရင်းနှီးမြှုပ်နှံမှ Block ပြီးလိမ်စားရတဲ့အလုပ်မျိုး ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီအလုပ်ကို လုပ်ကိုင်သူတွေဟာ တစ်နေ့ကို အနည်းဆုံး(၁၂)နာရီလုပ်ကိုင်ကြရပြီး အပြင်ကိုလုံးဝထွက်ခွင့်မရှိကြပါဘူး။ အပြင်လုံးဝ မထွက်ရတဲ့အပြင် ထွက်ရရင်လည်း တစ်လတစ်ခါ သူတို့ကားနဲ့လိုက်ပို့ချိန်မှသာ ထွက်ရတာဖြစ်ပါတယ်။ လစာအနေနဲ့လည်း ပထမတစ်လမှာသာ (၁၂)သိန်း မှ သိန်း (၂၀)အထိ ရတာဖြစ်ပြီး နောက်လတွေမှာ ကိုယ်လိမ်နိုင်မှ လိမ်နိုင်သလောက်ကို ပိုက်ဆံရတာဖြစ်ပါတယ်။ တကယ်လို့ မလိမ်နိုင်ခဲ့ရင် ထုနှက်ရိုက်တာကို ခံရတယ်လို့ သိရပြီး လိမ်နိုင်ပြီး ငွေများများ ရှာပေးနိုင်တဲ့သူဆိုရင်တော့ အိမ်ကိုပြန်မလွှတ်တော့ဘူးလို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မိန်းကလေးတွေဆို နိုင်ငံခြားသားတွေနဲ့ Sex chat ရတဲ့အထိကို လုပ်ကိုင်ကြရတယ်လို့ သိရပါတယ်။ ၎င်း အလုပ်ကို မြို့အစွန်အဖျားတွေမှာ လုပ်ရတာဖြစ်ပြီး ခိုးထွက်ပါက အသက်သေသည်အထိ ရိုက်နှက်ကြတယ်လို့ သိရပါတယ်။ အဆိုပါလုပ်ငန်းတွေကို ယခင် က တရုတ်ပြည်နယ်မှာ အလုပ်များကြပြီး တရုတ်လူမျိုးတွေဟာ သူတို့ ပြည်တွင်းမှာ အဖမ်းအဆီးများလို့ မြန်မာ နယ်စပ်တွေမှာ လုပ်စားကြတာဖြစ်တယ်လို့ သိရပါတယ်။ ပရိတ်သတ်များအားလုံး သတိထားနိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T