ကြေကွဲစရာအပြည့်နဲ့ ကြည့်ရှု့သူတွေပါ မျက်ရည်ကျစေခဲ့တဲ့ မင်းသမီး Tangmo ရဲ့ နောက်ဆုံးခရီးစဉ် ရုပ်သံဖိုင်

//s9.kh1.co/b2/b2e624b6819cb116b9ac5e994957b3f4db132790.jpg
နေ့စဉ်သတင်းများ

 ၂၄-မေ-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

မင်းသမီးလေးရေ နောက်ဘဝတွေမှာလည်း ဒီလိုအဖြစ်ဆိုးမျိုးတွေ မကြုံရပါစေနဲ့နော် ...

ထိုင်းမင်းသမီး Tangmo ရဲ့ ကျောက်ဖရားမြစ်ထဲသို့ ပြုတ်ကျပြီး သေဆုံးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထိုင်းလူမှုအသိုင်းအဝိုင်းမှာ တော်တော်လေးကို နာမည်ကြီးခဲ့ပြီး စိတ်မကောင်း ဖြစ်နေခဲ့ကြပါတယ်။ Tangmo ရဲ့ သေဆုံးမှုဟာ လူအများရဲ့ နှလုံးသားကို ထိခိုက်ပြီး ဝမ်းနည်းစေခဲ့ရပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

Tangmo သေဆုံးမှုက မတော်တဆမဟုတ်ဘဲ နောက်ကွယ်က လုပ်ကြံမှုတွေရှိနေလို့ ယုံကြည်နေကြပါတယ်။ ဒါ့ကြောင့်လဲ စစ်ဆေးမှုတွေ ပြုလုပ်နိုင်အောင် ရုပ်အလောင်း သင်္ဂြိုဟ်မယ့်ရက်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး အလောင်းကို ဆေးရုံမှာပဲထားရှိ ခွင့်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit : Happy Melon Patcharaveerapong

ဒါပေမယ့်လည်း တရားခံမပေါ်ပေါက်ဘဲ အမှုကိုပိတ်သိမ်းလိုက်တာဖြစ်ပြီး ဒီကနေ့ မေလ ၂၄ ရက်မှာ မီးသဂြိုလ်လိုက်တာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး အပေါင်းအသင်းတွေပေါ်မှာလည်း အမြဲချစ်ချစ်ခင်ခင်နဲ့ အနစ်နာခံတဲ့ Tangmo လို လူကောင်းလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကြောင့် အားလုံးက စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။ ကြေကွဲစရာအပြည့်နဲ့ ကြည့်ရှု့သူတွေပါ ငိုပွဲကျစေခဲ့တဲ့ မင်းသမီး Tangmo ရဲ့ နောက်ဆုံးခရီးစဉ် ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Happy Melon Patcharaveerapong
Photo Credit : Happy Melon Patcharaveerapong
Photo Credit : Happy Melon Patcharaveerapong
Photo Credit : Happy Melon Patcharaveerapong

Source : Happy Melon Patcharaveerapong

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T