သမုဒ္ဒရာအောက်ကမီးတောင်ပေါက်ကွဲပြီးနောက် အထဲမှာနေထိုင်နေကြတဲ့ ငါးမန်းတွေအပြင်ထွက်လာ

//s9.kh1.co/d7/d75d4402cf4289f5de46902d6dfed6a677b99a01.jpg
နေ့စဉ်သတင်းများ

 ၂၄-မေ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ပစိဖိတ်သမုဒ္ဒရာအောက်က မီးတောင်တစ်ခုပေါက်ကွဲခဲ့တာဖြစ်ပါတယ်

ထူးဆန်းဖြစ်စဥ်တွေ အမြဲတစေကြုံတွေ့နေရတဲ့ သမုဒ္ဒရာရေပြင်ကြီးထဲမှာ အခုလည်းနောက်ထပ် အံ့ဩဖို့ကောင်းလွန်းတဲ့ ဖြစ်ရပ်တစ်ခုထပ်ဖြစ်နေပါပြီ။ပင်လယ်ပြင်အောက်မှာရှိနေတဲ့ မီးတောင်တစ်ခုစတင်ပေါက်ကွဲလာတာပါ။ရေပြင်ထဲမှာမီးတောင်ပေါက်တာက သိပ်မထူးဆန်းဘူးလို့ပြောလို့ရပါဦးမယ်။အဲ့ဒီမီးတောင်ထဲကနေ ငါးမန်းတွေပါထွက်လာတာကတော့ အရမ်းထူးဆန်းပြီး ရုပ်ရှင်ပါဆန်သွားပါပြီ။

သိပ္ပံပညာရှင်တွေရဲ့ပြောပြချက်နဲ့ နာဆာရဲ့ထုတ်ပြန်ချက်အရ ပစိဖိတ်သမုဒ္ဒရာ ဆော်လမွန်ကျွန်းစုထဲမှာရှိနေတဲ့ ကာဗာချီမီးတောင်ဟာ စတင်ပေါက်ကွဲလာပြီလို့သိရပါတယ်။နာဆာဂြိုလ်တုကရိုက်ယူရရှိတဲ့ ဓာတ်ပုံတွေအရ မီးခို့ငွေ့တွေ၊ပြာမှုန့်တွေသာမက မီးတောင်ထဲမှာနေထိုင်ကြတဲ့ ငါးမန်းမျိုးစိတ်တွေပါ အပြင်ထွက်လာကြတာကိုတွေ့ရပါတယ်။

မီးတောင်ပေါက်ကွဲပြီး ရေအောက်ကပြာမှုန့်တွေကို တွေ့ရပါတယ် (image via CNET)
မီးတောင်ပေါက်ကွဲပြီး ရေအောက်ကပြာမှုန့်တွေကို တွေ့ရပါတယ် (image via CNET)

တကယ်တော့ငါးမန်းမျိုးစိတ်နှစ်ခုလောက် အဲ့ဒီမီးတောင်ဝနားမှာနေထိုင်ကြတာကို ၂၀၁၅ ခုနှစ်တည်းကတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ရေမျက်နှာပြင်အောက်ကနေ ၆၅ ပေလောက်အကွာအဝေးမှာရှိနေတဲ့ မီးတောင်ဝနားမှာ အက်ဆစ်တွေ၊ရေပူတွေနဲ့ ဆာလဖာအရည်တွေပျော်ဝင်နေတာကြောင့် အဲ့ဒီနားမှာငါးမန်းတွေနေနိုင်တာဟာ အံ့ဩစရာကောင်းပါတယ်။နေထိုင်တဲ့ငါးမန်းမျိုးစိတ်တွေကတော့ တူခေါင်းငါးမန်းနဲ့ ဆစ်ကီငါးမန်းတို့ဖြစ်ပါတယ်။

တူခေါင်းငါးမန်း 
တူခေါင်းငါးမန်း 
ဆစ်ကီငါးမန်း
ဆစ်ကီငါးမန်း

ကာဗာချီမီးတောင်ဟာ ပစိဖိတ်သမုဒ္ဒရာအောက်က မီးတောင်တွေထဲမှာ Active အဖြစ်ဆုံးမီးတောင်တွေထဲကတစ်ခုပါ။မီးတောင်ဟာ မနှစ်ကတည်းက စတင်လှုပ်ရှားနေခဲ့ကာ ရေတွေအရောင်ပြောင်းနေခဲ့ပြီး အခုတော့တကယ်ထပေါက်လာပါပြီ။ချော်ရည်တွေ ပင်လယ်ရေမျက်နှာပြင်အထိ လျှံတက်တာမျိုးတော့မရှိပေမဲ့ ပတ်ဝန်းကျင်တဝိုက်မှာတော့ မီးခိုးတွေနဲ့ပြည့်နှက်နေပါတယ်။ကာဗာချီဟာ ၂၀၀၇ နဲ့ ၂၀၁၄ ခုနှစ်တုန်းကလည်း အကြီးအကျယ်ပေါက်ကွဲဖူးပြီး မှတ်တမ်းတင်နိုင်ခဲ့တဲ့ အစောဆုံးပေါက်ကွဲမှုကတော့ ၁၉၃၉ တုန်းကပေါက်ကွဲမှုဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်တုန်းပေါက်ကွဲခဲ့တဲ့ပုံ
၂၀၀၀ ခုနှစ်တုန်းပေါက်ကွဲခဲ့တဲ့ပုံ
Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T