ပေါင်မြို့နယ်မှာ ဒီကနေ့ လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်ခဲ့လို့ နေအိမ် ၁၀၀ လောက် ထိခိုက်ပျက်စီး

//s9.kh1.co/d6/d604e3a19b5e6f68a1d5f7355ebd6ac3cbc3aead.jpg
နေ့စဉ်သတင်းများ

 ၂၄-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

လတ်တလော ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တွေမှာ မိုးသက်လေပြင်းများကျရောက်ပြီး ရေကြီး‌ရေလျှုံမှုများ ၊ မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ဒီကနေ့ မေလ ၂၄ ရက်မှာလည်း မွန်ပြည်နယ် ၊ ပေါင်မြို့နယ်မှာ လေဆင်နှာမောင်းတစ်ခု ဝင်ရောက်တိုက်ခတ်သွားကြောင်း ‌ဒေသခံတစ်ဦးရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe

ပေါင်မြို့နယ်ရှိ အလှပ်ကျေးရွာမှာ နေ့လည်လောက်က အားပြင်းတဲ့ လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် အိမ်ခြေ (၁၀၀) လောက် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ် ။ အဲ့ဒီထဲမှာ အိမ်ခြေ (၅) လုံးလောက်က ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့လို့ သိရပါတယ်။ အဆိုပါ နေရာတွေဟာ လေပြင်းလမ်းကြောင်းဖြတ်တဲ့ ရွာတွေဖြစ်လို့ လေဒဏ်ကို မကြာခဏ ခံစားရတယ်လို့ သိရပါတယ်။

Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe

ဖော်ပြလာတဲ့ မြင်ကွင်းတွေမှာတော့ လေဆင်နှာမောင်းရဲ့ တိုက်ခတ်မှုကြောင့် နေအိမ်တချို့ဟာ အတော်လေးကို ပျက်စီးသွားခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် မြို့နယ်ရှိ ကယ်ဆယ်ရေးအဖွဲ့များက လေဆင်နှာမောင်းထိခဲ့တဲ့ နေရာတွေမှာ သွားရောက်ရှင်းလင်းမှုတွေ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ လေဆင်နှာမောင်းကြောင့် လူနေအိမ်များ ပျက်စီးသွားခဲ့တာကို ဖော်ပြထားပေမယ့် လူထိခိုက်မှု ရရှိမရှိကိုတော့ ကနဦးဖော်ပြထားခြင်းမရှိခဲ့ပါဘူး ။

Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe

သတင်း အရင်းအမြစ်Source - Zin Moe



Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T