သိုးတစ်ကောင်ဟာ အမျိုးသမီးတစ်ဦးကို သတ်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် အဲ့ဒီသိုးကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။ သိုးထီးကြီးဟာ အသက် ၄၅ နှစ်ရှိ Adhieu Chaping ကို တိုက်ခိုက်ပြီးနောက် ယခုလအစောပိုင်းတွင် တောင်ဆူဒန်တွင် ထိုသိုးထီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်းတွင် Adhieu Chaping ဟာ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က အခြေအနေကို Sudan's Eye Radio သို့ ရှင်းပြခဲ့ပါတယ်။

"သိုးထီးက သူမနံရိုးကို ၀င်ခွေ့လိုက်တာနဲ့ အဘွားကြီး ချက်ချင်း သေဆုံးသွားခဲ့တယ်။ ဒါဟာ Akuel Yol လို့ခေါ်တဲ့ နေရာက Rumbek East မှာ ဖြစ်ပျက်ခဲ့တာပါ" လို့ ဗိုလ်မှူး Elijah Mabor က ပြောပြခဲ့ပါတယ်။ "ရဲတွေရဲ့ တာဝန်က လုံခြုံရေးတွေ ပေးဆောင်ဖို့ပါ။ သိုးထီးကို အခုလောလောဆယ်မှာ ဖမ်းဆီးထားပြီး Maleng Agok Payam ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။" အဆိုပါ သိုးထီးကို အဘယ်ကြောင့် ဖမ်းဆီးရခြင်း အကြောင်းရင်းကို ရှင်းလင်းတင်ပြရာတွင် “ပိုင်ရှင်မှာ အပြစ်မရှိကြောင်းနှင့် အဆိုပါ သိုးထီးဟာ ပြစ်မှုကျူးလွန်သူဖြစ်ပြီး ထိုက်သင့်သလောက် နောက်ပိုင်းတွင် ဓလေ့ထုံးတမ်းစဉ်လာတရားရုံးသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ ချစ်ကြည်ရင်းနှီးစွာ။" ဆိုပြီး တင်ပြခဲ့ပါတယ်။
Sheep sentenced to three years in jail for killing old woman in South Sudan ?? https://t.co/p3dvFwSSY5 pic.twitter.com/fC6DwJsvNl
— Vengeance Is Mine! (@PromoterBoxing) May 21, 2022

ယခု သိုးထီးဟာ ဆူဒန်နိုင်ငံ Lakes ပြည်နယ် Aduel ကောင်တီဌာနချုပ်ရှိ စစ်စခန်းတစ်ခုတွင် နောက်ထပ်သုံးနှစ်ကြာ နေထိုင်မှာဖြစ်ပါတယ်။ တိရစ္ဆာန်ဟာ သူ့ရဲ့ ပြစ်မှုအတွက် နောင်တရကြောင်း ဖော်ပြခြင်း ရှိ၊ မရှိ မသိရသေးပါ။ ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန်ရှိ အမျိုးသမီးတစ်ဦးဟာ မွေးမြူရေးခြံတစ်ခုမှာ သိုးများရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

သတင်း အရင်းအမြစ်៖ Ladbible