ပိန်ဆေး ၊ အသားဖြူဆေး အသုံးပြုနေတဲ့ သူတွေကို ခြိမ်း‌ခြောက်လာနေတဲ့ အန္တရာယ်

//s9.kh1.co/af/af6efb3a4c946eb41ba35e870d79de7b002efe1f.jpg
နေ့စဉ်သတင်းများ

 ၂၄-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.


ယနေ့ နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဝိသမလောဘသမားတွေဟာ မသမာတဲ့ နည်းပညာတွေကို အသုံးပြုပြီး စျေးကွက်အတွင်း မိမိတို့အကျိုးစီပွားရေးအတွက် ပိုမိုလုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ အထူးသဖြင့် စားသောက်ကုန်တွေနဲ့ အလှကုန်ပစ္စည်းတွေမှာ လူကို အန္တရာယ်ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းတွေထည့်သွင်း အသုံးပြုလာကြသလို အတုအပတွေကိုလည်း ထုတ်ပိုးလာကြပါတယ်။

Photo Credit - CJ
Photo Credit - CJ

စားသောက်ကုန်များ ၊ အလှကုန်ပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို မြန်မာနိုင်ငံက အများဆုံးတင်သွင်းနေတဲ့ ထိုင်းနိုင်ငံမှာ အမျိုးသမီးအလှကုန်တွေကို အတုလုပ်ပြီး လူတွေကို လိမ်‌လည်ရောင်းချနေကျတဲ့ ကုမ္ပဏီတွေ ဆက်တိုက်ဖမ်းဆီးခံရမှုတွေ ရှိလာခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ အလှကုန်ပစ္စည်း ကုမ္ပဏီတွေကို စစ်ဆေးကြည့်လိုက်ရာမှာ ပထမဦးဆုံး ဓာတ်မြေသြစာ ထုတ်လုပ်တဲ့ နေရာတွေမှာ အသုံးပြုတဲ့ အမှုန့်များ ၊ ကော့စတစ်အစွန်းချွတ်ဆေးများကို ထည့်သွင်းပြီး ထုတ်လုပ်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

Photo Credit - CJ
Photo Credit - CJ

ဧပြီလ ၂၄ ရက်နေ့တုန်းကလည်း Slim Skin အဆီကျ ၊ ဝိတ်ကျနို့မှုန့်တံဆိပ် အရောင်းကိုယ်စားလှယ်တစ်ဦးကို ဖမ်းဆီခဲ့ရပါတယ်။ သူကတော့  ပိန်ဆေးတွေကို ကော်ဖီမစ် အမှုန့်နဲ့ လိမ္မော်ရည်အမှုန့် နဲ့ပေါင်းပြီး ထုတ်လုပ်ကာ လိမ်လည်ရောင်းချတဲ့သူတစ်ဦးပါ။ ဒီကုန်ပစ္စည်းအတုတွေကို ထုတ်လုပ်သူများက နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ကြော်ငြာထုတ်ခဲ့တာကြောင့် ထိုင်းနိုင်ငံ နဲ့အိမ်နီးချင်းနိုင်ငံတွေမှာရောင်းအား အကောင်းဆုံး အလှကုန် အမျိုးစားများဖြစ်တယ်လို့ သိရပါတယ်။

Photo Credit - CJ
Photo Credit - CJ

အဲ့ဒီဆေးတွေကို သုံးစွဲသူများရဲ့ ဖြစ်လာတဲ့ ဆိုးကျိုးကတော့ အသားအရည်တွေ ထိခိုက်ပျက်စီးခြင်း ၊ မူးဝေအော့အန်တာတွေဖြစ်ခြင်း ၊ နှလုံးခုန်မြန်ပြီး ကတုန်ကယင်ဖြစ်ခြင်းအပြင် အခြား ဆိုးဝါးတဲ့ အန္တရာယ်များပါ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီလိုအန္တရာယ်များမကြုံလာရအောင် အလှအပ ကြိုက်တဲ့မိန်းကလေးတွေအတွက် ကုန်ပစ္စည်းအတုအပတွေကို သတိပြုပြီး အသုံးပြုနိုင်အောင် ဗဟုသုတအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - CJ
Photo Credit - CJ

သတင်း အရင်းအမြစ်Source - Social Action For Children and Women (SAW)



Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T