ရုရှား-ယူကရိန်းစစ်ပွဲထဲက ပထမဆုံးစစ်ရာဇဝတ်ကောင်

//s9.kh1.co/b3/b3e9563d5f3506f877588a8dc3778873806ef78f.jpg
နေ့စဉ်သတင်းများ

 ၂၄-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အပြစ်မဲ့အရပ်သားတွေကိုပစ်သတ်ခဲ့တာဖြစ်ပါတယ်

ရက်စက်မယ်လို့မထင်ရတဲ့ ကလေးမျက်နှာလေးနဲ့ ရုရှားစစ်သားတစ်ဦးဟာ ရုရှား-ယူကရိန်းစစ်ပွဲအတွင်းမှာ လက်နက်မဲ့ယူကရိန်းပြည်သူတစ်ဦးကို ပစ်သတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာကြောင့် ထောင်ဒဏ်တစ်သက်တစ်သက်ကျွန်းကျခံလိုက်ရပါတယ်။ဒီအမှုဟာ လက်ရှိစစ်ပွဲအတွင်းပထမဆုံးစစ်ရာဇဝတ်မှုပါ။

ရုရှားတင့်ကားအရာရှိ ဗာဒင်ရှီရှီမာရင်
ရုရှားတင့်ကားအရာရှိ ဗာဒင်ရှီရှီမာရင်

အသက် ၂၁ နှစ်အရွယ်ရှိရုရှားတင့်ကားအရာရှိ ဗာဒင်ရှီရှီမာရင်က ၆၂ နှစ်အရွယ် အိုလက်ဇန်းဒါးရှီလီပေါ့ကို ဆုမီခရိုင်၊ချီပါခွီဗာရွာမှာ စစ်စဖြစ်ဖြစ်ချင်းရက်ပိုင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ပစ်ခံရချိန်တုန်းက အိုလက်ဇန်းဒါးဟာ အရပ်သားဝတ်စုံနဲ့ပဲ အေးအေးဆေးဆေးစက်ဘီးတွန်းပြီး လမ်းလျှောက်နေတာပါ။

အသတ်ခံခဲ့ရသူ အိုလက်ဇန်းဒါး
အသတ်ခံခဲ့ရသူ အိုလက်ဇန်းဒါး

ဖြစ်စဥ်အပြည့်အစုံကို ဗာဒင်ကပြန်ပြောင်းပြောခဲ့ရာမှာ သူဟာတခြားစစ်သားသုံးယောက်နဲ့ အရပ်သားကားတစ်စီးကိုယူသွားပြီး ရုရှားဌာနချုပ်ကိုပြန်သွားရင်းလမ်းမှာ အိုလက်ဇန်းဒါးကိုတွေ့ခဲ့ကြောင်း၊တွေ့တွေ့ချင်းမှာပဲ သူနဲ့မသိပေမဲ့ သူ့ထက်ရာထူးကြီးတဲ့စစ်သားတစ်ယောက်က ပစ်လိုက်ဖို့အမိန့်ပေးခဲ့တာကြောင့် ကားကအနီးနားရောက်ချိန်မှာပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ကျည်ဆန်တွေဟာ အိုလက်ဇန်းဒါးရဲ့ခေါင်းကိုထိမှန်ပြီး နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=430,q=100/ac/ac4489f5a04e539c68dee5021f3db2097874e2ac.png

တရားရုံးမှာ ဗာဒင်ကငြင်းဆိုခြင်းမရှိပဲ သူ့ရဲ့အပြစ်ကိုဝန်ခံခဲ့ပါတယ်။အိုလက်ဇန်းဒါးရဲ့ဇနီးဖြစ်သူက သူ့ခင်ပွန်းကိုသတ်လိုက်ချိန်မှာ ဘယ်လိုခံစားရလဲမေးတော့ သူ့မှာအပြစ်ရှိကြောင်း၊ခွင့်မလွှတ်နိုင်တာကိုလည်း နားလည်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/04/04b118de52969f42b20b7a3436e90d0580322f66.png

ရုရှားဖက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ တစ်ခုခုပြန်လည်တုံ့ပြန်တာမျိုးမရှိခဲ့ပါဘူး။စစ်ပွဲအတွင်းမှာ ရုရှားဟာ အရပ်သားတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ရန်ပြုခြင်းမရှိဘူးလို့ပြောဆိုထားပေမဲ့ ယူကရိန်းမြေပေါ်မှာ အနည်းဆုံးစစ်ရာဇဝတ်မှုပေါင်း တစ်သောင်းကျော်လောက်ဖြစ်ပွားထားတယ်လို့ ယူကရိန်းဖက်ကထုတ်ပြန်ထားပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T