ရှက်စရာကောင်းတဲ့ ပူတင်လုပ်ရပ်တွေကြောင့် ဝါရင့်သံတမန်ဖြစ်သူ နှုတ်ထွက်

//s9.kh1.co/d0/d050a91c9051368bb0ea02669e40af8670b49b0e.jpg
နေ့စဉ်သတင်းများ

 ၂၄-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ရှက်စရာကောင်းတဲ့ ပူတင်လုပ်ရပ်တွေကြောင့် ဝါရင့်သံတမန်ဖြစ်သူ နှုတ်ထွက်

ဂျီနီဗာရှိ ကုလသမ္မဂမှာ ရုရှားရဲ့ အမြဲတမ်းတာဝန်ထမ်းဆောင်သူတစ်ဦးဖြစ်တဲ့ Boris Bondarev က ရုရှားသမ္မတ Putin ရဲ့ လုပ်ရပ်များကို သည်းမခံနိုင်တော့ကြောင်းပြောကြားခဲ့ပြီး အစိုးရအမှုထမ်းတစ်ယောက်အနေနဲ့ သမ္မတရဲ့လုပ်ရပ်များမှာ တစ်စိတ်တစ်ပိုင်း တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ပေမယ့်လည်း မလုပ်ချင်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/ca/caa15170a647a7ad8680b4ecfeb59cac40bb3ea5.webp

ဝါရင့်ရုရှားသံတမန်တဦးဖြစ်တဲ့ Boris Bondarev ဟာ ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တဲ့ ရုရှားရဲ့ယူကရိန်းကျူးကျော်မှုနဲ့ ပတ်သက်ပြီး ရာထူးမှနှုတ်ထွက်ခဲ့ပြီးနောက် သူ့ရဲ့ လုံခြုံမှုအတွက် စိုးရိမ်လျက်ရှိကြောင်းပြောခဲ့ပါတယ်။အသက် ၄၁ နှစ်အရွယ်ရှိတဲ့ Boris Bondarev က သူ့ရဲ့ နိုင်ငံအတွက် ဒီလောက်တစ်ခါမှ မရှက်ခဲ့ဖူးကြောင်းနဲ့ ရုရှားသမ္မတ Vladimir Putin ရဲ့ တပ်ဖွဲ့တွေ ဆင်နွှဲခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲဟာ ရန်လိုတဲ့စစ်ပွဲတစ်ခုသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/67/674c9784e6d1c02146cd6bd3958c6d228de08db2.png

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူတင်ရဲ့အထူးကိုယ်စားလှယ် Anatoly Chubais ကလည်း မတ်လမှာ ရာထူးမှ နှုတ်ထွက်သွားခဲ့တာဖြစ်ပေမယ့် ထွက်ခွာရတဲ့အကြောင်းရင်းကိုတော့ လူထုကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါဘူး။ ဒီစစ်ပွဲဖြစ်လာဖို့ စိတ်ကူးတဲ့သူတွေဟာ ခမ်းနားကြီးကျယ်တဲ့ ဘုံဗိမာန်တွေမှာနေထိုင်ကာ အာဏာကို အကန့်အသတ်မရှိတည်မြဲနေချင်တာပဲဖြစ်ပြီး ဒီလိုဖြစ်လာစေဖို့အတွက် လူထုရဲ့ အသက်ပေါင်းများစွာကို စတေးပစ်ဖို့ ဝန်မလေးကြကြောင်း Boris Bondarev က ပြောဆိုခဲ့ပြီး ထောင်နဲ့ချီတဲ့လူထုတွေဟာလည်း ဒီအတွက် သေခဲ့ပြီဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/77/776a04942bfef59ca2587ba8c5f1d37a9f8b7f88.jpg

Boris Bondarev က သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ကုလသမ္မဂမှာရှိတဲ့ အခြားသော ရုရှားသံတမန်များအားလုံးကလည်း သူ့ကို စံနမူနာထားပြီး နှုတ်ထွက်ကြဖို့ တောင်းဆိုကြောင်း အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ ဂျီနီဗာအခြေစိုက် UN Watch အဖွဲ့အစည်းရဲ့ အမှုဆောင်ဒါရိုက်တာ Hillel Neuer က Twitter စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။

Source - The Washington Post

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T