အိပ်ပျော်နေရင်းတောင် ကလေးတွေကို အရမ်းဂရုစိုက်ကြောင်း ဗီဒီယိုလေးနဲ့တကွ သက်သေပြလိုက်တဲ့ ပိုင်တံခွန်

//s9.kh1.co/9a/9a3c0cd786e78477a4e880aecbdd2dce85e79b03.jpg
နေ့စဉ်သတင်းများ

 ၂၃-မေ-၂၀၂၂ ၈pm · လွန်ခဲ့သော ၂ နှစ် က

အိပ်ပျော်နေတာတောင် ကလေးတွေကို ဖက်ထား၊ ခွထားနဲ့ တအားတွေချစ်နေတာ ...

အနုပညာရှင် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ မြင့်မားတဲ့ အရပ်အမောင်း၊ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ချိုသာတဲ့ အပြုံးလေးတွေကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေတဲ့ မင်းသားချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေထပ် သူရဲ့အချိန်တွေအားလုံးကို မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

Photo Credit : Paing Takhon's Fb Acc
Photo Credit : Paing Takhon's Fb Acc
Photo Credit : Paing Takhon's Fb Acc
Photo Credit : Paing Takhon's Fb Acc

မိသားစုပေါ်မှာလည်း တာဝန်ကျေသိတတ်လိမ္မာတဲ့ သားတစ်ယောက်ဖြစ်သလို အိမ်မွေးတိရစ္ဆာန်လေးတွေအပေါ်မှာလည်း သားသမီးရင်းချာလို ချစ်ခင်ကြင်နာသူလည်းဖြစ်ပါတယ်။ ပိုင်တံခွန်က သူချစ်တဲ့တိရစ္ဆာန်လေးတွေနဲ့ အမြဲတမ်း တပူးပူးတတွဲတွဲနေလေ့ရှိသလို သွားလေရာကိုလည်း ခေါ်သွားတတ်သူလည်း ဖြစ်ပါတယ်။

Photo Credit : Paing Takhon's Fb Acc
Photo Credit : Paing Takhon's Fb Acc
Photo Credit : Paing Takhon's Fb Acc
Photo Credit : Paing Takhon's Fb Acc

ဒီတစ်ခါမှာလည်း ပိုင်တံခွန်က ကမ်းခြေကို သူရဲ့ကလေးလေးတွေနဲ့ အတူတူခရီးသွားတာပဲဖြစ်ပါတယ်။ ခရီးစဉ်လမ်းတစ်လျှောက်မှာ ပိုင်တံခွန်က အိပ်မောကျတာတောင် ကလေးတွေနဲ့ ပတ်သက်လာရင် အရမ်းကို ဂရုစိုက်ကြောင်း ဗီဒီယိုလေးနဲ့တကွ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ “ဘယ်သွားသွား သတိရှိရမယ်” တဲ့ စာသားလေးနဲ့အတူ သူ့ရဲ့ကလေးတွေကိုလည်း ထွေးပွေ့ထားရတယ်ဆိုတဲ့ သူ့ရဲ့အဖြစ်လေးကို ပြသလာတာပဲ ဖြစ်ပါတယ်။

Photo Credit : Paing Takhon's Fb Acc
Photo Credit : Paing Takhon's Fb Acc

Source : Paing Takhon's Fb Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T