ဖိလစ်ပိုင်မှာ လူပေါင်း ၁၃၄ ဦးတင်ဆောင်လာတဲ့ ကူးတို့သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား

//s9.kh1.co/d6/d6527a7732ff93ac62880d66550e89185089d29a.jpg
နေ့စဉ်သတင်းများ

 ၂၃-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်း Polillo ကျွန်းမှ Quezon ပြည်နယ် Real မြို့မောင်းနှင်သွားတဲ့ ကူးတို့သင်္ဘောတစ်စီးဟာ ဒီကနေ့ မေလ ၂၃ ရက် မနက် ၅ နာရီလောက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ M/V Mercraft 2 အမျိုးအစားဖြစ်တဲ့ အဆိုပါ ကူးတို့သင်္ဘော မီးလောင်မှုမှာ နံနက် ၁၁ နာရီအထိ လူ ၇ ဦး သေဆုံးပြီး ၄ ဦးပျောက်ဆုံး ၊ ၃ ဦး စိုးရိမ်ရကာ ၁၂၀ ဦး ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ် ။ ကယ်တင်ထားတဲ့ ခရီးသည်များအနက် ၂၃ ဦး ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရပါတယ်။

Photo Credit - AP
Photo Credit - AP
Photo Credit - AP
Photo Credit - AP

အဆိုပါ ကူးတို့သင်္ဘောမှာ ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း ၁၃၄ ဦးကို တင်ဆောင်လာတာဖြစ်ပြီး မီးလောင်မှုဖြစ်ပွားချိန်မှာ အများအပြားကို ရေထဲသို့ခုန်ချခဲ့တာ ဖြစ်ပါတယ်။ ရေထဲခုန်ချခဲ့တဲ့ ခရီးသည်တွေကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ရေယာဉ်များဖြင့် ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသေးတဲ့ သူတွေကို ရှာဖွေဖို့အတွက် ရဟတ်ယာဉ်များဖြင့် အသုံးပြုသွားမယ်လို့ သိရပါတယ်။

Photo Credit - AP
Photo Credit - AP
Photo Credit - AP
Photo Credit - AP
Photo Credit - AP
Photo Credit - AP

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ချက်မှာတော့ အဆိုပါ ကူးတို့သင်္ဘောရဲ့ ဖြစ်စဥ်ဟာ အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ဆိုထားတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ မီးလောင်ကျွမ်းခဲ့တဲ့ ကူးတို့သင်္ဘောကို ကမ်းခြေသို့ ဆွဲတင်ထားတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်ကျွန်းစုများမှာ မကြာခဏ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ထိန်းသိမ်းမှု ညံ့ဖျင်းသော လှေများ၊ လူများ များပြားခြင်းနှင့် ဘေးကင်းရေး စည်းမျဉ်းများ လိုက်နာမှု အားနည်းခြင်းတို့ကြောင့် ပင်လယ်ပြင်မှာ မတော်တဆမှု အဖြစ်များခဲ့ပါတယ်။

Photo Credit - AP
Photo Credit - AP
Photo Credit - AP
Photo Credit - AP

1987 ခုနှစ် ဒီဇင်ဘာလတုန်းက ဖိလစ်ပိုင် သင်္ဘောတစ်စီးဖြစ်တဲ့ Dona Paz ဟာ လောင်စာဆီတင်သင်္ဘောနှင့် တိုက်မိပြီး နစ်မြုပ်ခဲ့မှုကြောင့် လူပေါင်း ၄၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source - SSP

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T