မာရသွန်ဝက်ပြိုင်ပွဲထဲ ပန်းဝင်ခါနီးမှာ လဲကျသေဆုံးခဲ့သူ

//s9.kh1.co/57/5735c61fedaf05a32114e5ae707eca44e1708eaf.jpg
နေ့စဉ်သတင်းများ

 ၂၃-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

သေဆုံးရတဲ့အဓိကအကြောင်းရင်းကို‌တော့ သေချာမသိရသေးပါဘူးတဲ့

ပြီးခဲ့တဲ့စနေနေ့က နယူးယောက်မြို့တော်မှာကျင်းပခဲ့တဲ့ ဘရွတ်ကလင်မာရသွန်ဝက်အပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သူတစ်ဦးဟာ ပန်းဝင်ခါနီးနားလေးမှာ သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ဘရိုက်တန်ကမ်းခြေရိပ်သာမှာကျင်းပတဲ့ ၁၃ မိုင်ကျော်ထိပြေးရတဲ့ပြိုင်ပွဲမှာ အသက် ၃၀ အရွယ်ရှိအမျိုးသားတစ်ဦးက ပြိုင်ပွဲချိန်မနက်ကိုးနာရီလောက် ပန်းဝင်ခါနီးမှာ သတိလစ်လဲကျသွားခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=366,q=100/de/de921a0689ce264e037960b9b98d092e1fde922c.png

အပြေးပြိုင်ပွဲကိုတည်ထောင်တဲ့ New York Road Runner(NYRR) အဖွဲ့အစည်းက သေဆုံးသူဟာပန်းမဝင်ခင်လေးမှာသတိလစ်လဲကျသွားတာဖြစ်ကြောင်း၊ဆေးအကူချက်ချင်းပေးခဲ့ပြီး နီးစပ်ရာ ကိုနေကျွန်းဆေးရုံကိုပို့ခဲ့ပေမဲ့ သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ရဲဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက သေဆုံးရတဲ့အကြောင်းရင်းကို အတိအကျမပြောနိုင်ပေမဲ့ နှလုံးအမောဖောက်တာနဲ့ပတ်သက်တာတစ်ခုခုဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲထဲကဆေးအကူများ
ပြိုင်ပွဲထဲကဆေးအကူများ

နယူးယောက်မီးသတ်ဌာနရဲ့အဆိုအရ တခြားပြိုင်ပွဲဝင် ၁၆ ယောက်လောက်ကိုလည်း ဆေးရုံပို့ပေးခဲ့ရပြီး ငါးယောက်လောက်ဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိနေခဲ့ပါတယ်။NYRR ကတော့ခုလိုဖြစ်ခဲ့ရတာအတွက်စိတ်မကောင်းကြောင်း၊သေဆုံးသူရဲ့မိသားစုတွေနဲ့ နီးစပ်သူတွေအတွက်ပါ ဆုတောင်းပေးလျက်ရှိကြောင်းထုတ်ပြန်ခဲ့ပြီး ပြိုင်ပွဲအချိန်အတွင်းက ရာသီဥတုအခြေအနေနဲ့ အပူချိန်အခြေအနေတွေကို သေချာပြန်လည်လေ့လာနေကြောင်းထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း ဒီနေရာ၊ဒီပြိုင်ပွဲမှာပဲ အပြေးသမားတစ်ယောက် သေဆုံးဖူးပါတယ်။အဲ့တုန်းကတော့ အသက် ၃၁ နှစ်အရွယ်ရှိအမျိုးသားတစ်ယောက် ပန်းဝင်ပြီးပြီးချင်းမှာ လဲကျသေဆုံးခဲ့တာပါ။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T