သားနဲ့အတူ ငါးဖမ်းခရီးထွက်ရင်း ၁၂ ပေရှိတဲ့ ကျားငါးမန်းကြီးနဲ့ နပန်းလုံးခဲ့ရတဲ့ အဖေ

//s9.kh1.co/2b/2b2ff937dc71fa4e1b2b0bc0f847be9fe736819f.jpg
နေ့စဉ်သတင်းများ

 ၂၃-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ကျားငါးမန်းဆိုတာမျိုးဟာ ရေအောက်မွန်းစတားတွေထဲမှာ ပါဝင်ပြီး......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

မကြာသေးမီက ငါးဖမ်းခရီးတစ်ခုတွင် အမျိုးသားတစ်ဦးဟာ 12.5 ပေရှိ ကျားငါးမန်းတစ်ကောင်နဲ့ နပန်းလုံးခဲ့ပါတယ်။ South Texas ကမ်းလွန်ရှိ Padre Island National Seashore တွင် Christian Haltermann အသက် 36 နှစ်ဟာ သူငါးဖမ်းပိုက်ထဲက အရာကို တွေ့ရှိပြီးနောက် သူဟာ ထိတ်လန့်ခဲ့ပါတယ်။ သူဟာ ငါးမန်းကိုဖမ်းမိချိန်မှာ သူ့ရဲ့ ၈ နှစ်အရွယ်သားဖြစ်သူနှင့်အတူ ပိတ်ရက်တွင် ငါးဖမ်းခရီးထွက်ခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=650,q=100/b3/b33ac6ab696123150dc5699cfffb6f8f4a43f247.jpg

သူ့အဖေနဲ့ အကြိမ်ပေါင်းများစွာ ဒီနေရာကို လာတက်ပြီး အဲဒီမှာ ငါးမျှားဖို့တောင် သင်ယူခဲ့ပါတယ်။ Haltermann က ဒါဟာ သူဖမ်းမိသမျှထဲမှာ အကြီးဆုံးအရာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူဟာ သူ့အကြိုက် ဟင်းပွဲအတွက် တစ်လလျှင် နှစ်ကြိမ်ခန့် ငါးဖမ်းရန် မကြာခဏ ပြန်လာလေ့ရှိပါတယ်။ Christian ဒီတစ်ခေါက်သူလာတဲ့အချိန်မှာတော့ သူထင်ထားတက် ကြီးမားတဲ့အရာကြီးကို ဖမ်းမိနေခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=880,q=100/7d/7d53a7fd40e2bd2d2779066ec7349c139735c0c4.jpg

Christian က Caller Times သို့ "(ပြီးခဲ့တဲ့) စနေနေ့ ညနေ (၇) နာရီ လောက်မှာ ကျွန်တော်တို့ ငါးဖမ်းတဲ့နေရာကို သွားကြည့်ခဲ့တယ်။ အဲဒါက ရေအောက်မွန်းစတားပဲဆိုတာ ချက်ချင်း သိလိုက်ရတယ်။ အဲဒါက အကောင်ကြီးမှန်း သေချာသိတယ်။" ထို့နောက် သူဟာ ဒီငါးမန်းကြီးကို ဖမ်းမိရန် အပြေးအလွှားသွားခဲ့ပါတယ်။ နှစ်နာရီခွဲခန့် တိုက်ခိုက်ပြီးနောက်တွင် သူဟာ အကူအညီလိုကြောင်း သိခဲ့ပြီး အကူအညီပေးရန် လူများကို ရှာဖွေရန် သူ့သားကို စေလွှတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=483,q=100/22/22f052a53f2b1d4d83d6d2125eb0cca422e9fbff.jpg

မကြာမီတွင် အနီးနားရှိ စခန်းချနေသူနှစ်‌ယောက်က လာရောက် ပူးပေါင်းကူညီခဲ့ပါတယ်။ ထိုဒေသတွင် စေတနာ့ဝန်ထမ်းတစ်ဦးအနေဖြင့် သူဟာ ဖမ်းမိတဲ့ ငါးမန်းကို ရေထဲသို့ ပြန်မလွှတ်မီ တိုင်းတာမှုများ ပြုလုပ်ခဲ့ပါတယ်။ ကျားငါးမန်းကြီးကို ကမ်းပေါ်တင်ပြီးနောက်မှာ အမဖြစ်ကြောင်းသိရပြီး တိုင်းတားခဲ့ပါတယ်။ " ကျွန်တော်သူ့ကို ရေထဲကနေ မထုတ်ချင်ပါဘူး။ အဲ့တာကြောင့်ကျွန်တော် ငါးမန်းကို တိုင်းပြီး ချိတ်တွေဖြုတ်ကာ ပြန်လွှတ်ပေးလိုက်တယ်။ သူမလည်းရေထဲရောက်တာနဲ့ လျင်မြန်စွာပဲ ကူးခပ်သွားပါတယ်။ ကျွန်တော် ၁၀ ပေ နဲ့ ၉ ပေကျော် ကျားငါးမန်းတွေတွေ့ဖူးပေမယ် ၁၂ ပေရှိတဲ့ ငါးမန်းတော့ မတွေ့ဖူးပါဘူး " လို့ ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=578,q=100/08/08b6ff3da49c7e15bebafadfc50b8dc2299eea34.webp

သတင်း အရင်းအမြစ်Daily Star

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T