နောက်ဆုံးဖိုင်နယ်မှာ ထိုင်းကို အနိုင်ရယူပြီး ဆီးဂိမ်းစ် အမျိုးသားဘောလုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ ဗီယက်နမ်

//s9.kh1.co/d9/d989abd9de9fd44953f694bf002b7121f9443b82.jpg
အားကစားသတင်းများ

 ၂၃-မေ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

.


ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပလျက်ရှိတဲ့ ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသား ၊ အမျိုးသမီး ဘောလုံးပြိုင်ကြီးကတော့ အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ မေလ ၂၂ ရက်နေ့ အမျိုးသား နောက်ဆုံးဗိုလ်လုပွဲအဖြင့် အိမ်ရှင် ဗီယက်နမ် ယူ ၂၃ အသင်း နှင့် ထိုင်း ယူ ၂၃ အသင်းတို့ အကြိတ်အနယ် ယှဥ်ပြိုင်ကစားကြရာမှာတော့ ဗီယက်နမ်အသင်းက ပြိုင်ဘက် ထိုင်းအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရယူပြီး အမျိုးသားဘောလုံး ရွှေတံဆိပ်ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24

အမျိုးသားဘောလုံး ဆုပေးပွဲမှာတော့ အိမ်ရှင် ဗီယက်နမ်အသင်း က ပထမဆု ရွှေတံဆိပ် ၊ ဒုတိယဆုကို ထိုင်းအသင်းက ငွေတံဆိပ်နှင့် ကြေးတံဆိပ် တတိယဆုကို အင်ဒိုနီးရှား တို့ အသီးသီးရရှိခဲ့ပါတယ်။ အမျိုးသမီး အုပ်စုပွဲ နောက်ဆုံး ဗိုလ်လုဘောလုံးပွဲစဥ်မှာလည်း အိမ်ရှင် ဗီယက်နမ်အသင်း နှင့် ထိုင်းအသင်းတို့ ယှဥ်ပြိုင်ကစားရာမှာလည်း ဗီယက်နမ်အသင်းက (၁-၀) ဂိုးဖြင့် အနိုင်ရယူပြီး ပထမဆု ရွှေတံဆိပ်ကို ကာကွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24

အိမ်ရှင်ဗီယက်နမ်ဘောလုံးအသင်းဟာ အမျိုးသားရော ၊ အမျိုးသမီးပါ ရွှေတံဆိပ်ဆုကို ရရှိခဲ့တာကြောင့် ယမန်နေ့ညပိုင်းမှာ ပရိသတ်တွေက ပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြတာ တွေ့ရပါတယ်။ ဆီးဂိမ်းစ် ပြိုင်ပွဲအားလုံးရဲ့ ဆုရရှိတဲ့ ဇယားကိုကြည့်မယ်ဆိုရင်လည်း အိမ်ရှင် ဗီယက်နမ်က ရွှေ (၂၀၅) ၊ ငွေ (၁၂၁) နှင့် ကြေး (၁၁၅) စုစုပေါင်း ဆုတံဆိပ် ၄၄၁ ထိ အများဆုံးရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24
Photo Credit - ASEAN WORLD 24

သတင်း အရင်းအမြစ်Source - ASEAN WORLD 24


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T