ရန်ကုန်မြို့လယ်ကောင်တွင် ကားပိုင်ရှင်ကားပေါ်ထိုင်နေရင်း ကားအခိုးခံရမှု ဖြစ်ပွါး

//s9.kh1.co/c8/c8467412829d9e937acf27da488ae4f9b9164a0f.jpeg
နေ့စဉ်သတင်းများ

 ၂၃-မေ-၂၀၂၂ ၇am · လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်မြို့လယ်ကောင်တွင် ကားပိုင်ရှင်ကားပေါ်ထိုင်နေရင်း ကားအခိုးခံရမှု ဖြစ်ပွါး

ယမန်နေ့ မေလ ၂၂ ရက်နေ့ ၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊ လသာမြို့နယ်မှာ ပိုင်ရှင်ကိုယ်တိုင် ကားပေါ်မှာရှိနေရင်း ကားအခိုးခံရကြောင်း သိရှိရပါတယ်။ 

ကားပိုင်ရှင်ဖြစ်သူက ကားဝယ်ရောင်း လုပ်ငန်းရှင်ထံကို တိုက်ရိုက်သတင်းပေးခဲ့တာဖြစ်ပြီး အဆိုပါကားကို လာရောင်းပါက လက်မခံရန် အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

Credit to original uploader 
Credit to original uploader 

ဖြစ်စဉ်အကျဉ်းမှာ ကားက Honda Fit Black, 4i- 1215 ဖြစ်ပြီး ယမန်နေ့ မေလ ၂၂ ရက်နေ့ညက သူမရဲ့ ကောင်လေးနဲ့အတူ ကားမောင်းထွက်လာ ရင်း သူမက ဘေးခုံမှာ ထိုင်တယ်လို့ သိရပါတယ်။ လသာ ၂၃ ၊ ၂၄ လမ်းအရောက်မှာ သူမ ကောင်လေးက ကားပေါ်ကနေဆင်းပြီး လျှပ်စစ်ပစ္စည်း သွားဝယ်တယ်လို့ သိရပါတယ်။ သူမကကားပေါ်မှာ အိပ်ပျော်ရင်း ကျန်နေခဲ့ တယ်လို့ သိရပါတယ်။ ထိုအချိန် ကားအတွင်း အဲယားကွန်း ဖွင့်ထားပြီး ကားမှန်ပိတ်ထား ပေမယ့် ကားတံခါး လော့ခ် မချမိဘူး လို့ သိရပါတယ်။ ၁၀ မိနစ်လောက်မှာ အမည်မသိ လူတစ်ယောက်တတ်လာပြီး ကားကို တတ်မောင်းသွားတယ်လို့ သိရပါတယ်။ သူမကိုယ်တိုင်လည်း တွေဝေပြီးပါသွားခဲ့တယ်လို့ဆိုပါတယ်။ ထို့နောက် ဘုရင့်နောင်လမ်းမပေါ် သီရိမင်္ဂလာစျေးသစ် အကျော်လေးမှာ သူမကို  ချပေးပြီးကားကို ဘုရင့်နောင်လမ်းအတိုင်း မောင်းထွက်သွားတယ်လို့ သိရပါတယ်။ 

Credit to original uploader 
Credit to original uploader 
Credit to original uploader 
Credit to original uploader 

အဆိုပါကားအမျိုးအစားကို တွေ့ရှိပါက  ကားပိုင်ရှင်ရဲ့ ဖုန်းနံပါတ် 095096850  ဆီ ဆက်သွယ်ပေးဖို့ကိုလည်းကားပိုင်ရှင်က အကူအညီတောင်းထားပါတယ်။ ကားခိုးမှုတွေက ကားပေါ်မှာ လူမရှိတဲ့အချိန် အဖြစ်များပြီး အခုလို ကားပေါ်မှာ လူရှိနေလျက်ဖြစ်တဲ့ ကိစ္စကတော့ ကြုံထောင့် ကြုံခဲ တော်တော်ထူးဆန်းတဲ့ ကိစ္စဖြစ်ပါတယ်။ 

Source- အရည်ကြို

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T