မြဝတီမြို့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်

//s9.kh1.co/bc/bc5c69c1ce8be9b394cbdfb950abf283efd2086a.jpg
နေ့စဉ်သတင်းများ

 ၂၂-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

လတ်တလော မြန်မာနိုင်ငံရဲ့ နေရာအချို့တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ ယမန်နေ့ကတော့ ကရင်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် မြဝတီမြို့မှာ မြေအနိမ့်ပိုင်းနေရာတွေမှာ သောင်ရင်းမြစ်ရေလျံတက်ခဲ့လို့ ရေနစ်မြုပ်မှုများ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်ခဲ့ပါတယ်။

Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ

ရေနစ်မြုပ်ခဲ့တဲ့ နေရာတွေကတော့ အမှတ် ၁ ရပ်ကွက် ၊ခွန်ဆာ၀င်း၊သဲပုံဂိတ်၊ကျွန်းတော ကွေ့ ၊ သရက်ပင်ဂိတ်၊ အမှတ် ၅ ရပ်ကွက် ၁၃ဂိတ်၊၈ဂိတ် လမ်းမဘေးရပ်ကွက်နေရာတွေနဲ့ ဟေမန်ဦးကျောင်းနောက်ဘက် ရပ်ကွက် အနိမ့်ပိုင်းနေရာတွေ ရေကြီးနေတယ်လို့ သိရပါတယ်။

Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ

ရေလွှမ်းနေတဲ့ နေရာတွေက မိသားစုတချို့ကတော့ ဒီကနေ့မနက်ပိုင်းမှာ နောက်ထပ်ရေတက်မည်ကို စိုးရိမ်ကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြပြီဖြစ်ပါတယ်။ မြို့ပေါ်တာဝန်ရှိသူတွေနှင့် လူမှုရေးပရဟိတအသင်းများကတော့ ရေလွှမ်းနေတဲ့ နေရာသို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။

Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ

သတင်း အရင်းအမြစ်Source - BBC

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T