လောလောလတ်လတ်မှထွက်ထားပြီး လက်ရှိရုပ်ရှင်ရုံတွေထဲမှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ Doctor Strange:In the Multiverse of Madness ရုပ်ရှင်ကားဟာ ဂိမ်းတစ်ဂိမ်းထဲက Fight Scene တစ်ခုကို တိုက်ရိုက်ကူးချထားတယ်ဆိုပြီး ပရိသတ်တွေကထင်ကြေးပေးနေကြပါတယ်။ကူးချခံရတယ်လို့ အသံထွက်နေတဲ့ဂိမ်းကခုမှထွက်တောင်မထွက်သေးပါဘူး။

Sword of Symphony လို့အမည်ရတဲ့ဂိမ်းဟာ ရန်သူတွေကိုတိကျတဲ့ ဂီတနုတ်တွေအသုံးပြုပြီးတိုက်ခိုက်ရတဲ့ဂိမ်းဖြစ်လို့ မထွက်သေးပေမဲ့ အရမ်းနာမည်ကြီးနေတဲ့ဂိမ်းပါ။လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ဂိမ်းကို Develop လုပ်နေဆဲဖြစ်ပြီး ခုထိလည်းမထွက်လာသေးပါဘူး။ဒါပေမဲ့ Developer ကဂိမ်းနဲ့ပတ်သက်တဲ့ Video အတိုလေးတွေ၊Cinematic ဆန်ဆန် Clip လေးတွေကိုအမြဲချပြလျက်ရှိတာကြောင့် စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေက ဆင်တူနေတာတွေကို ချက်ချင်းသိရှိခဲ့ပြီး Developer ကိုဝိုင်းပြောခဲ့ကြတာပါ။
Multiverse of Madness ရုပ်ရှင်ထဲမှာ Doctor Strange ကတခြား Doctor Strange တစ်ယောက်ကိုဂီတနုတ်တစ်ခုနဲ့ပစ်လွှတ်လိုက်တဲ့ဇာတ်ဝင်ခန်းတစ်ခန်းပါဝင်ပါတယ်။အစွမ်းတွေ၊ပါဝါသုံးတာတွေက Doctor Strange ရုပ်ရှင်တွေမှာ ပါနေကျဖြစ်ပေမဲ့ ဒီတစ်ခန်းကတော့ သံသယဖြစ်ရလောက်အောင်ကိုဂိမ်းနဲ့ဆင်တူနေခဲ့ပြီး နောက်ခံသီချင်းအသံကလည်း ဂိမ်း Video နဲ့တထေရာတည်းနီးပါးတူနေခဲ့ပါတယ်။

ဒီအကြောင်းကို Developer ဖြစ်သူ Ddungu ကသူ့ရဲ့လက်ရာကို Marvel ကကူးချလို့ မအံ့ဩမိကြောင်း၊Marvel ကဇာတ်ဝင်ခန်းတွေကို Reshoot ပြန်ရိုက်ကူးပြီးချိန်မှသာ နောက်ခံသီချင်းသံတွေပါလာတာဖြစ်ကြောင်း၊ဂိမ်းကို Online ပေါ်မှာမျှဝေပြီး သုံးလအကြာမှာ Reshoot တွေပြန်လည်ရိုက်ကူးခဲ့တာဖြစ်ကြောင်း Kotaku ဝက်ဆိုဒ်ကိုပြောပြခဲ့ပါတယ်။
For those who want to hear my real stance on it, here it is.
— Stephen Ddungu (@Stephen_Ddungu) May 17, 2022
(I doubt they’ll approve my response to their article anyway ?)
(2/2) pic.twitter.com/LvbZxS3YJm
ဂိမ်းရဲ့ Video တွေကိုတော့ Developer ရဲ့ Social Media တွေပေါ်မှာသွားရောက်ကြည့်ရှုနိုင်ပေမဲ့ Multiverse of Madness ထဲက Video ကတော့ Spoiler ပြဿနာကြောင့်ချပြထားခြင်းမရှိပါဘူး။အဲ့ဒီဇာတ်ဝင်ခန်းကို ကြည့်ကြည့်လိုက်ချင်း ဂိမ်းကိုချက်ချင်းပြေးမြင်မိတယ်လို့ အားလုံးနီးပါးကပြောကြတဲ့အတွက် တော်တော်လေးတူမယ်လို့တော့ထင်ရပါတယ်။Kotaku က Marvel ကိုရော၊Disney ကိုရောဆက်သွယ်မေးမြန်းထားပေမဲ့ ခုထက်ထိအကြောင်းမပြန်လာသေးဘူးလို့သိရပါတယ်။