ကိုယ့်စိတ်ကြိုက်ပုံတွေတင်လို့ Share လို့ရတဲ့ Instagram ဟာနာမည်ကြီး Social Media တွေထဲ တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်းလူငယ်တိုင်းနီးပါး အသုံးပြုနေကြတဲ့ Platform တစ်ခုပါ။တချို့ဆို Facebook ကိုတောင်သိပ်မသုံးပဲ Instagram ကိုသာစွဲစွဲမြဲမြဲအသုံးပြုကြပါတယ်။ Social Media အသုံးပြုသူတွေဟာ တနေ့တာအခိုက်အတန့်တွေအားလုံးနီးပါးကို Social Media ပေါ်တင်ချင်ကြပေမဲ့ အမြဲတမ်းကြီးတော့မရှိနေစေချင်ကြပါဘူး။အဲ့လိုအခါမျိုးမှာ Facebook ရဲ့ My Day တင်သလိုမျိုးလုပ်ဆောင်ချက်တွေကို ရွေးချယ်လာရပါတော့တယ်။

My Day လိုပဲ Instagram မှာလည်း ကိုယ်တင်ချင်တာကို ၂၄ နာရီလောက်ထိ Follower တွေကိုပြထားလို့ရတဲ့ Stories ပါဝင်ပါတယ်။Story ပေါ်မှာဆိုအသုံးပြုသူဟာ အကန့်အသတ်မရှိ စိတ်ကြိုက် Post တွေတင်နိုင်ပါတယ်။ဒီလုပ်ဆောင်ချက်ဟာကောင်းပေမဲ့ တချို့ Influencer တွေကတော့ Story တွေကိုအထိန်းအကွပ်မရှိ တောက်လျှောက်ကြီး ဘာလုပ်လုပ်တင်နေကြတဲ့အတွက်ကြောင့် နည်းနည်း Spam ဆန်လာကြပါတယ်။Instagram ကအဲ့လိုမျိုးတစ်နေ့လုံးမှာလုပ်သမျှအကုန်လုံးကို မတင်စေချင်ပုံပါပဲ။Story တွေအများကြီးတင်နေကြသူတွေကို ထိန်းချုပ်ဖို့ခြေလှမ်းစလာပြီလို့ခန့်မှန်းရပါတယ်။

ဘရာဇီးနိုင်ငံက Instagram အသုံးပြုသူတစ်ဦးအဆိုအရ လူတစ်ယောက်ဟာ Story တွေအများကြီးတင်ထားရင် Instagram က Follower တွေဆီကိုအကုန်လုံးမပြပေးတော့ပဲ Story သုံးခုလောက်ကိုပဲ ပြသပေးပါတော့တယ်။ဘရာဇီးနိုင်ငံအပြင်ဖက်မှာရောဒီ Story Layout ကအသက်ဝင်နေလား၊အသုံးပြုသူရာခိုင်နှုန်းဘယ်လောက်များများ ဒီလိုဖြစ်နေကြလဲဆိုတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။
Olha só como está. Pra ver todos tem de clicar no “Mostrar tudo” pic.twitter.com/cHrHL6enUD
— Phil Ricelle (@philricelle) May 17, 2022
ဒီနည်းလမ်းအတိုင်းသာ တကယ်ကြီးလုပ်ပစ်လိုက်မယ်ဆိုရင်တော့ နောက်ဆို Story တင်ရင်သေချာစိစစ်ရွေးချယ်ပြီးမှတင်ရတော့မှာပါ။လက်ရှိချိန်မှာတော့ Story ပေါင်းတစ်ရာလောက်ကို တချိန်တည်းမှာ ဆက်တိုက်တင်ထားနိုင်ပါတယ်။Story တင်လို့ရတဲ့ပမာဏပဲနည်းသွားမလား၊ဒီနည်းလမ်းအတိုင်း တခါတည်းလုပ်ချပစ်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။